ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဝန်ထမ်းများ စာပေဗဟုသုတ တိုးပွားစေရန် ရည်ရွယ်လျက် စာတမ်းဖတ်ပွဲနှင့် စာပေဟောပြောဆွေးနွေး ပွဲကို ၆-၂-၂၀၂၄ (အင်္ဂါနေ့) နံနက် ၁၀:၃၀ နာရီမှ နေ့လယ် ၁၂:၀၀ နာရီထိလည်းကောင်း၊ မွန်းလွဲ ၁:၀၀ နာရီမှ ၃:၃၀ နာရီထိလည်းကောင်း စာပေဗိမာန်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ စာတမ်းဖတ်ပွဲတွင် ဆရာဒေါက်တာတင်ဘုန်းကျော် (အမျိုးသားစာပေဆုရ) က “လူငယ်နှင့် စိတ်ဝင်စားဖွယ် AI နည်းပညာ” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေး ခဲ့ပါသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဝန်ထမ်းများက သိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြပြီး မွန်းလွဲ (၃:၃၀) နာရီအချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။