၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်တွင် စာအုပ်  (၈)  အုပ် ထပ်မံရရှိ

၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၃ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ် ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေ ဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းဌာနများမှ    တစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။


အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၃ ခုနှစ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက် ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေး အတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၉) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်း တင်ခြင်း စသည်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်တွင် စာအုပ် (၈) အုပ် ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်ပါအတိုင်း စုစည်း ဖော်ပြအပ်ပါသည်-


(၁)    ငါလုပ်နိုင်တယ် - အကြီးကိုကို    
(၂)    ခယောင်းလမ်းမှ ပန်းတောင်တန်းသို့    - ကျွန်းစဉ်မြေစောခက်
(၃)    စာရေးဆရာများနှင့် ကျွန်တော် - သန်လျင်မောင်မောင်ဦး
(၄)    စစ်သူကြီးမဟာမင်းထင်နော်ရထာ - ကြည်မင်းဝေ
(၅)    ဘဝအလင်းပွင့်စာစုများ - ကိုထွန်းရင် (အဏ္ဏဝါ)
(၆)    Cabin Crew Secrets – NGU WAH
(၇)    ပထမကျောင်းသားသပိတ် ခေါင်းဆောင်ဆရာကြီး ဦးဖိုးကွန်း၏ ဘဝနှင့် နိုင်ငံရေး ဖြတ်သန်းမှု - အောင်မြင့်ဦး (မဟာဝိဇ္ဇာ)
(၈)    မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်းသုတေသနဆောင်းပါးများ -  မာန်သစ်ငြိမ်း (ရှေးဟောင်းသုတေသန)
 

အကြံပြုစာ/တိုင်ကြားစာ