စာအုပ်ဖြန့်ချိရောင်းချမှုဆိုင်ရာ အသိပညာပေး စာပေဟောပြောဆွေးနွေးပွဲကျင်းပ

 ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဝန်ထမ်းများ ရောင်းချမှုဆိုင် ရာ အသိပညာတိုးပွားစေရန် ရည်ရွယ်လျက် စာပေဟောပြောဆွေးနွေးပွဲကို (၁-၃-၂၀၂၄) (သောကြာနေ့) နံနက် ၁၀:၀၀ မှ နေ့လယ် ၁၂:၀၀ နာရီအထိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ စာပေဟောပြောဆွေးနွေးပွဲတွင် ဆရာ ဦးကျော်ဦး (ပါရမီစာပေ) က ‘စာပေဝန်ဆောင်မှုဆိုင်ရာ သိကောင်းစရာ’ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ဝန်ထမ်းများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

1-269
 

2-244

အကြံပြုစာ/တိုင်ကြားစာ