၉ - ၃ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၁၀) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မတ်လ ၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၁၀) ၌ သူ၏အသက်ကို ချမ်းသာပေးခဲ့သည့် ကြွက်ကလေးသည် ခြင်္သေ့ကြီး ထောက်ချောက်မိသောအခါ ပြန်လည်ကယ်တင်ပေးလိုက်သည့်အကြောင်း တင်ဆက်ထားသည့် “ကျေးဇူး ဆပ်တဲ့ ကြွက်ကလေး” မျက်နှာဖုံးကာတွန်း၊ ဦးလေးနှင့်အတူ အိမ်သန့်ရှင်းရေးလုပ်ပေးသည့် ကီးကီနှင့် ဂျိုးဂျိုးတို့အကြောင်း တင်ဆက်ထားသည့် “ကီးကီ ဂျိုးဂျိုး” နှစ်မျက်နှာကာတွန်း၊ အမေနှင့် ချွတ်စွပ် တူသည့် ပုံတူပန်းချီမှာ မှန်ချပ်ပဲဖြစ်ကြောင်း အမေကို နောက်ပြောင်ထားသည့် “ရွှေဖဲ” တစ်မျက်နှာကဏ္ဍ၊ ဒေါသကြီးသော မျောက်လွှဲကျော်ကြီးကို လူနီရိုင်းခေါင်းဆောင် လုပ်ခိုင်းကာ အားလုံးအတူတူ ကစားကြ သည့်အကြောင်း တင်ဆက်ထားသည့် “အမြှောက်ကြိုက်တဲ့ မျောက်” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်း များအားလုံး တာဝန်သိစိတ်ဖြင့် အတူတကွ ကူညီပေးခဲ့အသည့်အတွက် မူးယစ်ဆေးဝါးများ တွေ့ရှိ သွားသည့်အကြောင်း တင်ဆက်ထားသည့် “တာဝန်သိစိတ်” နှစ်မျက်နှာကာတွန်းနှင့် စာမတတ်၍ ကစားပွဲများတွင် အမြဲရှုံးနေသဖြင့် စာတတ်အောင် ‘အ’ သုံးလုံးသင်တန်း တက်တော့မည့် ကြက်တော အကြောင်း တင်ဆက်ထားသည့်  “ကြက်တောရဲ့ စာတတ် မှ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ကော်ဖီပင် စတင်တွေ့ရှိခဲ့ပုံနှင့် ကော်ဖီအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “ကော်ဖီ သောက်ခြင်း၏ ကောင်းကျိုးနှင့် ဆိုးပြစ်များ” သုတကဏ္ဍ၊ ဘုရင်ဖြစ်သွားသော “နိ‌ဂြောဓ”၊ စစ်သူကြီး ဖြစ်သွားသော “သာခါ” နှင့် ဘဏ္ဍတော်ထိန်း ဖြစ်သွားသော “တိဖလ” တို့ သူငယ်ချင်းများအကြောင်း ရေးသားထားသည့် “သူငယ်ချင်းသုံးယောက်” ပုံပြင်ကဏ္ဍနှင့် ဂျက်လေယာဉ်၊ ကျည်ဆန်ရထားများ မောင်းနှင်ကြသလို လူသားများသည်လည်း ဒုံးပျံစီး၍ လ‌ပေါ်သို့ ရောက်ရှိသွားသည့်အကြောင်း ရေးဖွဲ့ထားသည့် “သိပ္ပံခေတ်” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

တိုက်ခန်းတစ်ခန်း၏ အခန်းဖွဲ့စည်းပုံနှင့် အကျယ်အဝန်းအကြောင်း စုံစမ်းမေးမြန်းထား သည့်အကြောင်း ရေးသားထားသည့် “ရွှေသွေးစကားဝိုင်း” ကဏ္ဍ အင်္ဂလိပ်စာကဏ္ဍနှင့် ဉာဏ်စမ်းကဏ္ဍ အပါအဝင်  ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ