၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၄ ခုနှစ်၊ မတ်လ၊ အတွဲ(၅၁)၊ အမှတ်(၃)ကို ထုတ်ဝေ လိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူများကို လည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “စားသောက်ကုန်ထုတ်လုပ်မှုနှင့် နည်းပညာဆန်းသစ်မှု” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် အစားအစာထုတ်လုပ်ခြင်းတွင် အရေးပါသည့် ခေတ်မီနည်းပညာ၊ စားသောက်ကုန် ထုတ်လုပ်ရာ၌ နည်းပညာဆန်းသစ်ရန် အရေးကြီး၊ လူငယ်ရေးရာကဏ္ဍတွင် ၂၁ ရာစု နေထိုင်မှုပုံစံ ပြောင်းလဲလာခြင်း၊ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဟာ မှန်ကန်တဲ့ထွက်ပေါက် မဟုတ်ပါ၊ အချို့ကို ဂုဏ်တက်စေ၍ အချို့ကိုကား…၊ မိမိစိတ်ကို ထိန်းချုပ်နိုင်ရေး၊ လဝန်းလဲ့ပြာပြာ၊ ပဋိပက္ခပြဿနာ အဖြေရှာ၊ လူငယ်ဘဝမြင့်မားဖို့ ဗလငါးတန်ဖြည့်ဆည်းစို့၊ ကဗျာကဏ္ဍတွင် မိုးဆွေငှက်ငယ်သို့၊ နိုင်ငံ တကာဆိုင်ရာကဏ္ဍတွင် မရဏ၏ နိဂုံးလော၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ပြင်းထန် သော ခရမ်းလွန်ရောင်ခြည် မသင့်ကြစေဖို့၊ ဝဋ်ကြွေးကြီးသည့် အင်းဆက်သားလောင်းများ၊ နေရောင် ခြည်စွမ်းအင်၊ ကလေးအလုပ်သမားဆိုင်ရာ ကဏ္ဍတွင် ကလေးအလုပ်သမား ပပျောက်ရေး၊ မူးယစ် ဆေးဝါးဆိုင်ရာကဏ္ဍတွင် ဆေးလိပ်ငွေ့အန္တရာယ်၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် ဂလိုဘယ်ကော်ပိုရိတ် မဟာဗျူဟာများ၊ ဘရစ်အုပ်စုနိုင်ငံများနှင့် ဂလိုဘယ်ငွေကြေးသစ်မျှော်လင့်ချက်၊ ဆင်းရဲနွမ်းပါးမှုချုပ်ငြိမ်းရေး အကူအညီ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၆၇)၊ သက်ကြီး ရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု၊ ၂၀၂၄ ခုနှစ်အတွင်း တွေ့ကြုံရင်ဆိုင်နေရမည့် ကိုဗစ် - ၁၉ ဗိုင်းရပ်စ် များ၊ ဝတ္ထုတိုကဏ္ဍတွင် အချစ်တွေနဲ့ နေလိုက်နော်၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် အိမ်အပြန်၊ အထွေထွေ ကဏ္ဍတွင် စားဝတ်နေရေးအတွက် အချိန်ရှိခိုက် လုံ့လစိုက်ကြရမည်၊ Boxing Day ဟူသည်၊ ဖေးမ ကူညီ ကြက်ခြေနီ၊ မှတ်ဉာဏ်ကောင်းအောင် သတိဆောင်၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။