ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၁၂)၌ ပုရွတ်ဆိတ်လေးနှစ်ကောင်သည် ရေများခန်းခြောက်သွားသော ရေအိုင်ထဲမှ ငါးလေး၏ အသက်ကို ကယ်တင်ပေးလိုက်နိုင်ပုံအကြောင်း ရေးဖွဲ့ထားသည့် “ဉာဏ်” မျက်နှာဖုံးကာတွန်း၊ အချို့အဖြစ်အပျက်များသည် ကံကောင်းခြင်း၊ ကံမကောင်းခြင်းတို့နှင့် မသက် ဆိုင်ဘဲ သဘာဝအလျောက် ဖြစ်တတ်သည့် သဘောတရားပင်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “ပိန်ပိန်” နှစ်မျက်နှာကာတွန်း၊ ခြင်အန္တရာယ်နှင့် လမ်းအန္တရာယ်ကင်းရှင်းရေး ကြိုတင်ကာကွယ် ခြင်းဆိုင်ရာ ဆောင်ရွက်ချက်များကို တက်ညီလက်ညီဖြင့် ဆောင်ရွက်နိုင်ခဲ့ပုံအကြောင်း ရေးဖွဲ့ထား သည့် “ကြိုတင်ကာကွယ်ခြင်း” နှစ်မျက်နှာကာတွန်း၊ အချင်းချင်း ပြောဆိုဆက်ဆံရာတွင် တစ်ဖက်သား၏ ဖြစ်တည်မှု အားနည်းချက်များအပေါ် လှောင်ပြောင် ချိုးနှိမ်သော အခေါ်အဝေါ်၊ အသုံးအနှုန်းများ သုံးခြင်းကို လုံးဝရှောင်ကြဉ်ပြီး အချင်းချင်း ကိုယ်ချင်းစာစိတ် မွေးမြူကြရ မည်ဖြစ်ကြောင်း တင်ဆက်ထားသည့် “မောင်ဘဲဥ- ကိုယ်ချင်းစာစိတ်” နှစ်မျက်နှာကာတွန်း၊ အမေ့ ထံမှ ပိုရသည့်ပိုက်ဆံကို ပြန်မပေးချင်သောကြောင့် အကြွေး ခဏထားရန် ပြောသော လင်းသစ် အကြောင်း တင်ဆက်ထားသည့် “လင်းသစ်ပါဝင်သည့် အကြွေး ထားလိုက်ပေါ့” တစ်မျက်နှာ ကာတွန်းနှင့် တိရစ္ဆာန်ရုံသို့ လိုက်ပို့ပေးရန်အတွက် အဖေဖြစ်သူကို အကြောင်းပြချက် ပေးလိုက် သော ဘယ်ကျော်အကြောင်း တင်ဆက်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသ ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ကမ္ဘာ့အံ့ဖွယ်များအကြောင်း ကလေးတို့ ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည် ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် အနာဂတ်လှလှကျောင်းမှ ကျောင်းသားများသည် မိမိတို့ ကျွမ်းကျင်ရာ ဘာသာရပ်တွင် အသီးသီး အရည်အချင်းရှိကြသူများဖြစ်ကြောင်း ရေးဖွဲ့ထားပါသည်။ ဝတ္ထုကဏ္ဍတွင် မြန်မာမှုတူရိယာများကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်တတ်ရမည်ဖြစ် ကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ရွှေသွေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် ဉာဏ်စမ်း ကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေး တို့လက်ရာကဏ္ဍနှင့် အကြိမ်ကြိမ်ကြိုးစား၍ ရေးရာက ဝိုင်းစက်သော ဝလုံးအရေးအသားကို ရရှိသွားသော ညီလေးအကြောင်း ရေးဖွဲ့ထားသည့် ဆရာမောင်ခေတ်ထွန်း၏ “ဝလုံး” ကဗျာကဏ္ဍ တို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် တိုက်ခန်းငှားမည့်သူက တိုက်ခန်းအနီးဝန်းကျင်တွင် အများပြည်သူ သယ်သူ ပို့ဆောင်ရေးဖြစ်သော ဘတ်စကား သို့မဟုတ် ရထားပြေးဆွဲခြင်း ရှိ၊ မရှိကို အပြန် အလှန်မေးမြန်းပြောဆိုပုံကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောဆိုထားသည့် သင်ခန်းစာသစ်ကို ကလေးတို့ လေ့လာမတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။