၆ - ၄ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၁၄) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၁၄)၌ မိမိအပေါ် ခင်မင်ခွင့်လွှတ်ပေးသော သူငယ်ချင်းများအပေါ် အနိုင်ယူခဲ့မိသည်များကို နောင်တရနေသည့် ပုပုအကြောင်းကို ရေးဖွဲ့ထားသည့် “ပုပုပါဝင်သည့် အနိုင်ယူချင်စိတ်” မျက်နှာဖုံး ဇာတ်လမ်း၊ ကုသိုလ်သဒ္ဓါစိတ်ဖြင့် ကျွေးမွေးလှူဒါန်းသည်ဆိုသော်လည်း လောဘကြီးသူတို့နှင့် တွေ့သော အခါ ဒေါသဖြစ်ရပုံကို ရေးဖွဲ့ထားသည့် “ကုသိုလ်” နှစ်မျက်နှာကာတွန်း၊ ကိုဗစ်ကပ်ရောဂါအပါအဝင် အခြားကူးစက်ရောဂါများကို ကာကွယ်ပေးနိုင်သည့် နှာခေါင်းစည်းတပ်ရန် လိုအပ်ကြောင်း တင်ဆက်ထား သည့် “ပေါ့မသွားကြပါနဲ့” နှစ်မျက်နှာကာတွန်း၊ မိမိတစ်ကောင်တည်း အသက်ဘေးမှ လွတ်ကင်းအောင် ရုန်းမထွက်ဘဲ သူငယ်ချင်းများအားလုံးကိုလည်း လွတ်မြောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သော ဖားလေး အကြောင်းကို တင်ဆက်ထားသည့် “ဉာဏ်ရှိသော ကိုရွှေဖား” နှစ်မျက်နှာကာတွန်း၊ ဖြတ်ထိုးဉာဏ် ကောင်းသော ရန်ပိုင်စိုးအကြောင်းကို ရေးဖွဲ့တင်ဆက်ထားသည့်  “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်းနှင့် ဖုန်းဘေလ်ကုန်နေ၍ အကြွေးလာတောင်းသူထံမှ ပိုက်ဆံချေးနေသော ဖိုးတစ်တိုအကြောင်းကို ရေးဖွဲ့ ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ကလေးများ ကျန်းမာပျော်ရွှင်ဖို့အတွက် တစ်ကိုယ်ရေ သန့်ရှင်းစင်ကြယ်စွာ နေထိုင်သင့်ပုံကို တင်ဆက်ထားသည့် “တစ်ကိုယ်ရေ သန့်ရှင်းရေး” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ ကစားသန် သော်လည်း မိမိတို့၏ အပြစ်ကိုသိကာ တာဝန်ယူလိုစိတ်ရှိသော ရဲရင့်နောင်နှင့် ရဲရင့်နိုင်တို့ ညီအစ်ကိုနှစ်ဦး အကြောင်းကို တင်ဆက်ထားသည့် “ပေးဆပ်ခြင်း” ဝတ္ထုနှင့် ခန္ဓာကိုယ် အရွယ်အစား ကြီးသည်၊ ငယ်သည် မဟုတ်ဘဲ ကျေးဇူးတရားရှိသူကို ရိုသေလေးစားကြပုံကို သိရှိနိုင်စေရန်အလို့ငှာ ဒုက္ခတွေ့ကြုံခဲ့ရသော ဆင်ကြီးနှင့် ဉာဏ်ပညာကြီးမားကာ သူတစ်ပါးကို ကူညီတတ်သော ဖားလေးတို့အကြောင်းကို လေးစား အတုယူဖွယ် တင်ဆက်ထားသည့် “ဆင်က ယုန်ကို ဘာကြောင့် ရိုသေရတာလဲ” ပုံပြင်တို့ကို တင်ဆက် ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေး တို့ လက်ရာ”၊ ကလေးများအနေဖြင့် ပုံထဲတွင်ရှိသော ဘဲလေးများကို မျက်စိလျင်လျင်ဖြင့် ရေတွက်နိုင်မည့် “ဉာဏ်စမ်း”နှင့် မိမိတို့အသက်အရွယ်နှင့် သင့်လျော်သည့် အလုပ်အကိုင်များကို တာဝန်ကျေပွန်စွာ ဆောင်ရွက်မှသာ ဘဝ၌ အေးအေးချမ်းချမ်း နေထိုင်ရမည်ဖြစ် ကြောင်း တင်ဆက်ထားသည့် “ဆုတောင်း မည် အေးချမ်းရေး” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာသင်ခန်းစာအနေဖြင့် တိုက်ခန်းအတွင်း လိုအပ်သော မီးဘေးအန္တရာယ်ကာကွယ်မှုနှင့် ပတ်သက်၍ ပြောဆိုပုံကို ပုံစံအမျိုးမျိုးဖြင့် တင်ဆက်ထားသည့် “ရွှေသွေး စကားဝိုင်း”ကို လေ့လာနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ