“သောင်းညွန့်သစ် (အမျိုးသားစာပေဆုရ)” ရေးသားသည့် “ခေတ်အဆက်ဆက် မြန်မာ့သစ်တောများ စီမံအုပ်ချုပ်မှု” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ သုတပဒေသာ (ဝိဇ္ဇာ) ပထမဆုရရှိသည့် စာရေးသူ သောင်းညွန့်သစ်(အမျိုးသားစာပေဆုရ) ၏ ‘ခေတ်အဆက်ဆက် မြန်မာ့သစ်တောများ စီမံအုပ်ချုပ်မှု’စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးစနစ်များအရ ပြောင်းလဲလာသော သစ်တော၊ သစ်ပင် စီမံအုပ်ချုပ်ရေးအကြောင်းကို စာတွေ့၊ လက်တွေ့ဖြင့်လည်းကောင်း၊ ၁၈၂၄-၁၈၂၆ အင်္ဂလိပ် - မြန်မာ ပထမစစ်ပွဲပြီးသည့်အချိန်မှ မျက်မှောက်ခေတ် အခြေအနေအထိ စီမံမှု၊ ထိန်းသိမ်းမှုများကို အကိုးအထောက်များဖြင့်လည်းကောင်း၊ ၁၈၅၆ ခုနှစ်က စတင်ကာ သစ်တောဌာနဖွဲ့စည်း၍ သစ်တောဥပဒေ ပြဋ္ဌာန်းခဲ့ပုံ၊ ကိုလိုနီခေတ် စီမံအုပ်ချုပ်မှုစနစ် ခေတ်အလျောက်ပြောင်းလဲမှု၊ ထိန်းသိမ်းကာကွယ်မှု ချို့တဲ့သဖြင့် သစ်တောပြုန်းတီးကာ စိုးရိမ်ဖွယ် ဖြစ်မှုတို့ကို အချက်အလက်များဖြင့်လည်းကောင်း မှတ်တမ်းတင် ရေးသားထားသည်။ သစ်တော၊ သစ်ပင်ကို အကြောင်းပြု၍ ဇီဝမျိုးကွဲပျက်စီးမှုများနှင့် ဂေဟာစနစ် ယိမ်းယိုင်မှုများကိုပါ ကာကွယ် စေလိုသော စေတနာဖြင့် ရေးသားထားသော စာအုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၃၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။