၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၄ ခုနှစ်၊ ဇွန်လ၊ အတွဲ(၅၁)၊ အမှတ်(၆)ကို ထုတ်ဝေ လိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူများကို လည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “နိုင်ငံ့စီးပွားမြင့်မားဖို့ စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်စို့” ဖြစ်ပါသည်။ မျက်နှာဖုံး ဆောင်းပါးကဏ္ဍတွင် နိုင်ငံ့စီးပွားမြင့်မားဖို့ စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်စို့၊ နိုင်ငံ့စီးပွားတိုးတက်ရေး စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ပေး၊ လူငယ်ရေးရာကဏ္ဍတွင် အလေ့အကျင့်ကောင်းများ၊ တီရှပ်ပေါ်က စာသား တရားရစရာ၊ ငါ၊ သူ၊ သူတို့၊ ငါတို့၊ အားလုံး၊ ဟန်ချက်ညီ လူသား၊ လူမှုရေးပညာ၊ အမြင်ခြားနားတဲ့ တင်စားချက်လေးတွေ၊ ခေတ်နောက်တွင် မကျန်ရစ်ရန် သိပ္ပံပညာကို ဆည်းပူးပါ၊ ပြောင်းလဲမှုနှင့် လူငယ်တို့အတွက် အောင်မြင်မှု အခွင့်အလမ်း၊ ပညာရေး အဟောသိကံ မဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းပေး၊ နိုင်ငံ့အတွက် လူငယ်များတွင် ရှိသင့်သည့် စွမ်းဆောင်ရည်များ၊ ကဗျာကဏ္ဍတွင် မိုးဆွေငှက်ငယ်သို့၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ကမ္ဘာ့အခမ်းအနားဆုံးသော မော်တော်ကားပြပွဲကြီး အပိုင်း(၃)၊ ဒါဘာဝါလား၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် အိန္ဒိယနိုင်ငံ၏ AI စည်းမျဉ်းစည်းကမ်း အကျပ်အတည်းကို ဖြေရှင်းခြင်း၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ပျားများအကြောင်း တစေ့တစောင်း၊ မသန်စွမ်းသူများဆိုင်ရာကဏ္ဍတွင် မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး အားလုံးပါဝင်ဆောင်ရွက်ပေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကဏ္ဍတွင် အမျိုးသမီး များ ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် မူးယစ်ဆေးဝါး ကြီးကြီးမားမား သတိထား၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် ယနေ့ကာလအခြေအနေနှင့် အတိတ်က ဂန္ဓီ၏စီးပွားရေးအမြင်၊ကျန်းမာရေး ဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၇၀)၊ မျက်ကြည်နာကို မပေါ့ဆသင့်ပါ၊ ဖြစ်ရပ်မှန် ကဏ္ဍတွင် မေတ္တာရှင် သတ္တိခဲလေး၊ ဝတ္ထုတိုကဏ္ဍတွင် ဘုရားရှိခိုးကျောင်းက ဧည့်ကြိုကြီး၊ အထွေထွေကဏ္ဍတွင် ဈေးကွက်ဝင် ရုပ်ရှင်တေးများ၊ စားသုံးသူအကျိုးပြု လုံခြုံစိတ်ချရမှုကို ဗဟိုပြု၊ ပျော်ရွှင်မှုများ ဖန်တီးကြစို့လား၊ သံမဏိစိမ်း စသည်ဖြင့် ကဏ္ဍမျိုးစုံဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ် ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက် သွယ်မှာယူနိုင်ပါသည်။