ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၂၅) ၌ အခြားငှက်များကဲ့သို့ အသိုက်နှင့် မနေရသော ခိုလေးများအကြောင်း တင်ဆက်ထားသည့် “အသိုက်မဆောက်တတ်တဲ့ ခိုများ” မျက်နှာဖုံးဇာတ်လမ်း၊ ဆူးကလေး၏ ကြားဝင်ဖျန်ဖြေမှုကြောင့် ပြန်လည်သင့်မြတ်သွားသည့် သူငယ်ချင်းနှစ်ယောက်အကြောင်း တင်ဆက်ထားသည့် “ခွင့်လွှတ်ကျေနပ် လိုက်ပါ” နှစ်မျက်နှာကာတွန်း၊ ဘုန်းဆင့်သူ၏ အမေကို အိပ်မက်မက်သော သူငယ်ချင်းနှင့် ဘုန်းဆင့်သူ တို့အကြောင်း တင်ဆက်ထားသည့် “ဘုန်းဆင့်သူ ပါဝင်သော အိပ်မက်” တစ်မျက်နှာကာတွန်း၊ ဆရာ ဦးအောင်ကြီး ရှင်းပြလိုက်သည့်အတွက် သဘာဝကပေးသည့် ကိုယ်ခန္ဓာသာ အကောင်းဆုံးဖြစ်သည်ကို နားလည်သွားသော မောင်ကြယ်စင်တို့အကြောင်း တင်ဆက်ထားသည့် “သဘာဝ” နှစ်မျက်နှာကာတွန်း၊ ပုပုသည် ဆင်းရဲသော်လည်း ရိုးသားသည့်အတွက် ကျောင်းကချီးမြှင့်သည့် ဂုဏ်ပြုဆုကို ရသွားသည့် အကြောင်းတင်ဆက်ထားသည့် “ပုပုပါဝင်သည့် ဆု” နှစ်မျက်နှာကာတွန်းနှင့် သူငယ်ချင်းက အမည်းနှင့် အနက် ဘာကွာလဲ မေးသည်ကို ဘာမှမကွာဘူးဟု ပြန်လည်ဖြေဆိုထားသည့် ဖိုးကျော်ကြောင်း တင်ဆက် ထားသည့် “ဖိုးကျော် ပါဝင်သည့် အတူတူပါပဲ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
ငှက်ပျောသီးတွင် ပါဝင်သောဓာတ်မျာနှင့် ငှက်ပျောသီးစားခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကောင်းကျိုးများ ရရှိနိုင်ပုံကို ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “ကျန်းမာရေးအတွက် အထောက် အပံ့ ဖြစ်စေတဲ့ ငှက်ပျောသီး” သုတကဏ္ဍ၊ စကားထစ်သူကို နောက်ပြောင်မိသည့် ကျောင်းသားလေး ဇော်မောင်အကြောင်း ရေးသားထားသည့် “တောင်းပန်ရပါမည်” ဝတ္ထုကဏ္ဍ၊ ယုန်လေး၏ စေတနာ စကားကို လိုက်နာသဖြင့် ဇွဲလုံ့လရှိသူဖြစ်သွားသော ကျားကြီးအကြောင်း ရေးသားထားသည့် “ယုန်လေး ပြောတဲ့ ဇွဲလုံ့လ” ပုံပြင် ကဏ္ဍနှင့် ကလေးများ ဖုန်းအသုံးပြု၍ ဂိမ်းအလွန်အကျွံဆော့လျှင် မျက်စိမှုန်ကာ မှတ်ဉာဏ်ထိုင်းမှိုင်းစေတတ်ကြောင်း သတိပေးထားသည့် “ဖုန်းအန္တရာယ်” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
နေ့စဉ်သုံး အင်္ဂလိပ်စကားအသုံးအနှုန်းများအကြောင်းကို ဖော်ပြပေးထားပြီး လေ့ကျင့်မှု များပါ ပြုလုပ်နိုင်မည့် “အသုံးဝင်သည့် နေ့စဉ်သုံး အထူးစကား အသုံး အနှုန်းများ” အင်္ဂလိပ်စာကဏ္ဍ၊ ဉာဏ်စမ်း ကဏ္ဍနှင့် ကဏ္ဍာစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။