ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု ကလေးစာပေ ဒုတိယဆု ရရှိသည့် စာရေးသူအင်ကြင်းမေ၏ “ပန်းကလေးများပွင့်တော့ မည်နှင့် ကလေးကဗျာများ” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက် ရှိသည်။
အဆိုပါစာအုပ်တွင် ကဗျာပုဒ်ရေ ၇၅ ပုဒ်ပါဝင်သည်။ ကျောင်းသားအရွယ်ကလေးငယ်များ မိဘဆရာသမားများကို ရိုသေကိုင်းရှိုင်းရေး၊ အနာဂတ်တွင် နိုင်ငံတော်ကို ဦးဆောင်နိုင်သော လူငယ်များဖြစ်လာစေရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ မြန်မာ့ဓလေ့ထုံးတမ်း အစဉ် အလာများကို မမေ့မပျောက် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ကလေးသူငယ်များ ကောင်းစွာ သိရှိနားလည်စေရေးတို့အတွက် ရည်ညွှန်းဖွဲ့ဆိုသော ကဗျာအများစု ပါဝင်သည်။ ကလေးတို့အသံ၊ ကလေးတို့ဟန်ဖြင့် ရွတ်ဆိုလျှင် ကြည်နူးပျော်ရွှင်ဖွယ်ဖြစ်ပြီး ကလေးတို့ နားလည်လွယ်သည့် ဝေါဟာရအသုံးအနှုန်းများဖြင့် ပြေပြစ်ချောမောစွာ ဖွဲ့ဆိုထားသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။