၁၃ - ၇ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂၈) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၂၈)၌ စည်းကမ်းမဲ့ စွန့်ပစ်ခဲ့သော ကြွပ်ကြွပ်အိတ်ကြောင့် ဗျိုင်းကလေး  ဖြူဖွေး သေဆုံးသွားခဲ့ရာမှ အမြင်မှန်ရရှိသွားသော မောင်စံပျော်အကြောင်း သရုပ်ဖော်ထားသည့် “လွယ်လွယ်မပစ်နဲ့” မျက်နှာဖုံး ကာတွန်း၊ မိုးလေဝသခန့်မှန်းစက်မလိုဘဲ နွားတွေအိပ်တာ၊ မတ်တတ်ရပ်တာကို ကြည့်ပြီး ခန့်မှန်းနိုင်ကြောင်း တင်ဆက်ထားသည့် “မိုးလေဝသခန့်မှန်းစက်” နှစ်မျက်နှာကာတွန်း၊ သူ့အမေ ဝယ်ခိုင်းလိုက် သော ကြက်ဥများ သူ့ကြောင့် ကွဲသွား၍ ကောက်ရသော ပိုက်ဆံဖြင့် ကြက်ဥများ ပြန်ဝယ်လိုက်ရသည့် အတွက် မုန့်မစားလိုက်ရသော ဖြိုးရဲအကြောင်း တင်ဆက်ထားသည့် “ဖြိုးရဲ- လောဘ” နှစ်မျက်နှာ ကာတွန်း၊ ယုန်ဘွားဘွားကြောင့် ဝံပုလွေ၏  ရန်မှ လွတ်မြောက်သွားခဲ့သည့် ဖြူဖွေးအကြောင်း တင်ဆက် ထားသည့် “ဉာဏ်ကောင်းတဲ့ ဖြူဖွေးနဲ့ ဘွားဘွား” နှစ်မျက်နှာကာတွန်း၊ သူ့ဆန္ဒ အလိုမကျမှုကြောင့် အမေကို အပြစ်တင်ထားသည့် နှောင်းလေးအကြောင်း တင်ဆက်ထားသည့် “အိဖောင်းနဲ့ မိနှောင်း” တစ် မျက်နှာကာတွန်းနှင့် အိမ်မှ ရွှေတိဂုံဘုရားကို လှမ်းမြင်ရသော်လည်း ရွှေတိဂုံဘုရားမှ သူ့အိမ်ကို လှမ်းမမြင် ရဘူးဟူသည့် ပေါ်ဝိုင်းနှင့် မိဆုတို့အကြောင်း တင်ဆက်ထားသည့် “အံ့ဩလိုက်တာများကွာ” မျက်နှာဝက် ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

တစ်ဆယ့်နှစ်လရာသီတွင် လများအလိုက် ပွင့်သော ပန်းများနှင့် ပွဲတော်များအကြောင်း ဗဟုသုတရစေမည့် “လအလိုက် ပွင့်သောပန်းများနှင့် ပွဲတော်များ” သုတဆောင်းပါးကို တင်ဆက်ထားပါ သည်။ ဆရာမက သူတို့အပေါ်တွင် ထားရှိသော မေတ္တာ၊ စေတနာနှင့် အနစ်နာခံမှုကို နားလည်သဘော ပေါက်သွားသည့် တပည့်များအကြောင်း ရေးသားထားသည့် “ဆရာ့မေတ္တာ” ဝတ္ထုကို တင်ဆက်ထားပါ သည်။ လူ့လောကတွင် အမျိုးမတူပါက မိတ်ဆွေအဖြစ် မပေါင်းသင်းအပ်ကြောင်း ရေးသားထားသည့် “သန်းနဲ့ ကြမ်းပိုး” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာ များကို ထည့်သွင်းဖော်ပြထားသည့်  “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ရွှေသွေးဂျာနယ် အထူးထုတ်(၂၀၂၄) ပါ “ကလေးတို့အတွက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ” တွင် ကလေးတို့ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်သည့် ကြော်ငြာစာတို့ကို တင်ဆက်ထားပါသည်။ တိုင်းပြည်အတွက် အသက်စွန့်သွားသည့် အာဇာနည် ခေါင်းဆောင်ကြီးများကို ဦးညွှတ်ကာ ဂုဏ်ပြုသင့်ကြောင်း ရေးဖွဲ့ထားသည့် “ဂုဏ်ပြုကြစို့” ကဗျာနှင့် အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အိပ်ခန်းမျက်နှာကြက်မှ ရေယိုခြင်းနှင့် ပတ်သက်၍ အိမ်ငှားက အိမ်ရှင်ကို အသိပေးအကြောင်းကြား ပြောဆိုပုံကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

 ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ