စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုတိုပေါင်းချုပ် တတိယဆုရရှိသည့် စာရေးသူ သခင်(ဇလွန်မြေ) ၏ ‘အိမ်နှင့် အခြား ဝတ္ထုတိုများ’စာအုပ်ကို ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုတိုပေါင်းချုပ် တတိယဆုရရှိသည့် စာရေးသူ သခင်(ဇလွန်မြေ) ၏ ‘အိမ်နှင့် အခြား ဝတ္ထုတိုများ’စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ဝတ္ထုတို (၁၄) ပုဒ်ကို ဘဝသရုပ်ဖော် ရေးသားထားသည်။ ငစွတ်ဆိုသည့် ကလေးဇာတ်ကောင်လေး၏ မိရိပ်ဘရိပ်အ‌ပေါ် အမြင်နှင့်သဘောထားကို ဘဝ၏ ခါးသီးသောခံစား ချက်များအပေါ်မှ တွေးဆဆင်ခြင်သိမြင်လာသည့် “အိမ်” အမည်ရှိဝတ္ထုတို၊ လင်မယား အဆင်မပြေ မှုကြောင့် ကလေးများဒုက္ခရောက်ရပုံ၊ ဒုက္ခိတအမေအိုကြီးအပေါ် သားနှင့်ချွေးမတို့၏ သဘောထား နှင့် သူနာပြုဆရာမလေး မီဒိုး၏ ကရုဏာရသ၊ သားနှင့်သမီး၊ သမက်နှင့်ယောက္ခမတို့၏ ဖြစ်လေ့ ဖြစ်ထရှိသော ဇာတ်လမ်း၊ ဆေးရုံတွင် သွေးသွင်းရန်လိုအပ်နေသည့် အဖေ့အတွက် မိမိသွေးဖြင့် အသက်ကယ်ရန် ဆန္ဒပြင်းပြနေသည့် သား၊ အဝေးပြေးကားဂိတ်တွင် ရေသန့်၊ ကွမ်းယာ၊ ရှူဆေး၊  ဝတ္ထုစာအုပ်၊ ထိုးမုန့်၊ ပျားလိမ္မော်၊ ကြက်ဥများကို ရိုးသားစွာရောင်းနေကြသည့် စျေးသည်များနှင့် မရိုးမသား ရောင်းဝယ် ကလိမ်ကကျစ် ရောင်းနေကြသူများ၊ စျေးရောင်းပြီး အိမ်အပြန် ဆိုင်ကယ် တိုက်ပြေးသဖြင့် ဒုက္ခရောက်သွားသည့် ဘဝတူစျေးသည်လေးအပေါ် ကိုယ်ချင်းစာစိတ်ဖြင့် ဆေးရုံသို့ ကူညီလိုက်ပို့ပေးခဲ့သည့် စျေးသည်လေးအဖြစ်၊ သမီးအင်ဂျင်နီယာ ဖြစ်လာရေးအတွက် စင်ကာပူ နိုင်ငံရှိ သုသာန်တွင် ခိုအောင်းကာ မြက်တောရှင်း၊ သစ်ပင်စိုက်၊ ဂူဖောက်အရိုးကောက်လုပ်နေရ သည့် စင်ကာပူရောက် မြန်မာလုပ်သားတို့၏ ဘဝအသွယ်သွယ်ကို ရသစုံစွာ ဖော်ကျူးရေးသားထား သော စာအုပ်ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ