ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူ စာပေဆု ဝတ္ထုတိုပေါင်းချုပ် ပထမဆုရရှိသည့် စာရေးဆရာ စိုးမြင့် (စက်မှုတက္ကသိုလ်) ၏ ‘ရွှေသမင် တောလိုက်နှင့် အခြားထန်းဝတ္ထုတိုများစုစည်းမှု’စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ဝတ္ထုတို ၁၁ ပုဒ် ပါဝင်ပြီး ထန်းသမားတို့၏ ဘဝဓလေ့၊ ဝန်းကျင်ဒေသတို့ အကြောင်း နှံ့နှံ့စပ်စပ် ရေးသားထားသည့် ဘဝသရုပ်ဖော်ဝတ္ထုတိုများဖြစ်သည်။
“ချိန်းမိလေသောည” ဝတ္ထုတိုတွင် ထန်းသမားပျိုလေးနှင့် သူ့ချစ်သူ ဒေါင်းညိုမတို့ ညအချိန် ချိန်းတွေ့ကြပုံကို သည်းထိတ်ရင်ဖိုဖွယ် ရေးသားထားသည်။ “မုန့်ပေါင်းစားပြိုင်ပွဲ” ဝတ္ထုတိုတွင် အညာဒေသ ကျေးလက်ရိုးရာဓလေ့ကို ဖော်ပြပြီး အောင်ဘ၏ ဖြတ်ထိုးဉာဏ်ကောင်းပုံကိုတွေ့မြင် ကြရမည်ဖြစ်သည်။
“မောင်ချစ် နှမချစ်” ဝတ္ထုတိုတွင် အောင်ဘနှင့် ညီမ ချောမတို့၏ ၅၂၈ မေတ္တာ ကြီးမားပုံကို ရသမြောက်စွာ ဖွဲ့နွဲ့ထားသည်။ “ဘယ်ခါမမေ့ ဘဝတစ်ကွေ့” ဝတ္ထုတိုတွင် ပေ ၆၀ အမြင့် ထန်းပင် ပေါ်တွင် ထန်းရွက်ကိုဆွဲ၍ တန်းလန်းကြီးဖြစ်နေသော ထန်းသမားအောင်ဘကို ကယ်တင်ပုံမှာ လည်း သည်းထိတ်ရင်ခုန်ဖွယ်၊ ကြောက်ရွံ့ဖွယ်ကောင်းအောင် ရသမြောက်စွာ ရေးသားထားသော စာအုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။