စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ စာပ‌ဒေသာ ဒုတိယဆုရရှိသည့် စာရေးသူ အောင်ဘ(အုတ်ဖို)၏ ‘လူဆိုးပြေးတော့ လူကောင်းရောက်ပြီ’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

စာရေးသူသည် နိုင်ငံ့ဝန်ထမ်းတာဝန်များကို လယ်ဝေး၊ တနိုင်း၊ အောင်လံ အစရှိသည့် မြို့ကြီးများတွင် တာဝန်ထမ်းရွက်ခဲ့ပြီး စီမံခန့်ခွဲရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍစုံတွင် အားသွန်ခွန်စိုက် ထမ်းရွက်ခဲ့သောကြောင့်  နိုင်ငံတော်က ထိုက်တန်သည့် စီမံထူးချွန်ဆုချီးမြှင့်ခံခဲ့ရပုံ ကို နှစ်သက်ဖွယ်ဖြစ်‌အောင် ဟာသနှော၍ ရေးသားထားသည်။ 

အထူးသဖြင့် “လူဆိုးပြေးတော့ လူကောင်းရောက်ပြီ” ဇာတ်လမ်းတွင် ဇာတ်ကောင် အောင်ဘသည် ဒေသတစ်ခု၌ နယ်ပိုင်ကြီးတစ်ဦးအဖြစ် စတင်တာဝန်ထမ်းဆောင်စဉ် ဒေသခံ တိုင်းရင်းသားများက “လူဆိုးပြေးတော့ လူကောင်းရောက်ပြီ တို့တစ်တွေပျော်ကြသည်” ဟု သီဆို ကခုန်၍ ပျော်ရွှင်မြူးထူးစွာ ကြိုဆိုကြသည့် မြင်ကွင်းကြောင့် အောင်ဘတစ်ယောက် ပီတိဖြစ်၍ ထိုဒေသ၏ တိုင်းရင်းသားခေါင်းဆောင်ကို မေးကြည့်သည့်အခါမှ “ဟုတ်တယ် နယ်ပိုင်ကြီး၊ ဒီသီချင်း က နားထောင်လို့ သိပ်ကောင်းတာ၊ ဒါပေမဲ့ နယ်ပိုင်ကြီးလည်း အချိန်ကျလို့ပြောင်းရင် နောက်နယ်ပိုင် အသစ်ရောက်လာရင်လည်း ဒီသီချင်းပဲဆိုကြရဦးမှာ” ဟု ဖြေဆိုပုံကြောင့် အောင်ဘအဖို့ ငိုအားထက် ရယ်အားသန်ဖြစ်ရပုံမှာ လွန်စွာအသက်ဝင်လှပေသည်။ 

အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ