၁၄ - ၁၂ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၅၀) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၅၀)၌    မိမိ၏ဘဝကို မကျေနပ်နိုင်ဘဲ မိမိထက်လှပသော ဒေါင်းကို အားကျမိ၍ ဒုက္ခ ရောက်ရသော ကြက်မအကြောင်းကို သရုပ်ဖော်ထားသည့် “ဒေါင်းဖြစ်ချင်သော ကြက်မ” မျက်နှာဖုံး ကာတွန်း၊ သူတစ်ပါးထံမှ အချောင်လိုချင်သောစိတ်ကြောင့် မိမိ၏ ပိုက်ဆံပိုကုန်သွားသော စောဟန် အကြောင်းကို သရုပ်ဖော်ထားသည့် “အချောင်” နှစ်မျက်နှာကာတွန်း၊ တစ်ဦးနှင့် တစ်ဦး ယှဉ်ပြိုင်ဘက်များ ဖြစ်သော်လည်း တစ်ဦး၏ အောင်မြင်မှုကို တစ်ဦးက စာနာနားလည်ပေးခဲ့၍ သူငယ်ချင်းများ ဖြစ်သွားကြ သော အောင်ပုနှင့် ဖိုးတုတ်တို့အကြောင်းကို သရုပ်ဖော်ထားသည့် “စစ်မှန်သော စိတ်ဓာတ်” နှစ်မျက်နှာ ကာတွန်း၊ တောလိုက်သွားသော ဖိုးချွန်းနှင့် ဝိတ်ပေါတို့ ဆရာတပည့်နှစ်ယောက်အကြောင်းကို ရေးဖွဲ့ထား သည့် “ဖိုးချွန်း၊ ဝိတ်ပေါနဲ့ ဝမ်းစာ” နှစ်မျက်နှာကာတွန်း၊ ထူးထူးစကားကို နားထောင်မိ၍ သူမပါ ပြေးခဲ့ရသော ဘုတ်ဘုတ်အကြောင်းကို သရုပ်ဖော်ထားသည့် “ထူးထူးပါဝင်သော ပြေး” တစ်မျက်နှာကာတွန်းနှင့် ဉာဏ်ထိုင်းလွန်းသော ‌မောင်ထုံအကြောင်းကို သရုပ်ဖော်ထားသည့် “တစ်ဘာသာ” မျက်နှာဝက်ကာတွန်း တို့ ပါဝင်ပါသည်။

သုတကဏ္ဍတွင် ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သည့် ရေကောင်းရေသန့်အကြောင်းကို ရေးဖွဲ့ထားသည့် “ရေကောင်းရေသန့် သောက်သုံးရေး” သုတဆောင်းပါးကို ထည့်သွင်းဖော်ပြထားပါ သည်။ ဟင်းအမျိုးမျိုးချက်ပြုတ်ပါက မိခင်အတွက် အချိန်နှင့် ငွေကုန်မည်စိုး၍ နေ့စဉ် ကြက်ဥပြုတ်၊ ကြက်ဥကြော်တို့နှင့်သာ ထမင်းချိုင့်ထည့်၍ စာကြိုးစားနေသော ကျော်နိုင်ဦးအကြောင်းကို ရေးဖွဲ့ထား သည့် “အော်ပြောလိုက်တော့မည်” ဝတ္ထုနှင့်  ရရှိလာသည့် အခြေအနေနှင့် အချိန်အခါကို အသုံးမပြုနိုင်ခဲ့၍ အခွင့်အရေးကောင်းကို ဆုံးရှုံးခဲ့ရသည့် လုလင်တစ်ယောက်အကြောင်းကို ရေးဖွဲ့ထားသည့် “အချိန်အခါနဲ့ အခွင့်အရေး” ပုံပြင်တို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ပင်လယ်လိပ်ပုံလေးကို အဆင့်ဆင့်ရေးဆွဲကာ က‌လေးတို့ စိတ်ကြိုက်အရောင်များဖြင့် ခြယ်သနိုင်မည့် “ပင်လယ်လိပ်ပုံ ဆွဲရအောင်” ဉာဏ်စမ်း၊ ရုပ်ပုံလေးကို ကြည့်၍ အင်္ဂလိပ်စာလုံးပေါင်းအဓိပ္ပာယ်များကို ဖွင့်ဆိုနိုင်မည့် ကလေးတို့ကိုယ်တိုင် ပါဝင် ဆောင်ရွက်နိုင်သည့် ဉာဏ်စမ်းနှင့် မိုးအကုန် ဆောင်းတွင်းတွင် ပွင့်လေ့ရှိသော သဇင်ပန်း၏ ဂုဏ်အင်ကို သီကုံးဖွဲ့ဆိုထားသည့် “သဇင်ပန်း” ကဗျာတို့ ပါဝင်ပါသည်။

 အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍအနေဖြင့် အခန်းဖော်ဖြစ်လာမည့်သူနှစ်ဦးအနေဖြင့် တစ်ဦး၏ အမူအကျင့်စရိုက်ကို တစ်ဦးက သိရှိနိုင်ရန် မေးမြန်းပြောဆိုထားသည့် အကြောင်းအရာများကို ရေးသား ထားသည့် “ရွှေသွေးစကားဝိုင်း” ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။


ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ