၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၄ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၄ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက် ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ ppd Website တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၉) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်တွင် စာအုပ် (၁၉) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Website တွင် သတင်းအဖြစ် ဖော်ပြခဲ့ပါသည်။ ယင်းစာအုပ်များစာရင်းကို အောက်ပါအတိုင်း စုစည်း ဖော်ပြအပ်ပါသည် -
(၁) ရသစုံစွာ လွမ်းကဗျာ - သုဝဏ္ဏတင့်ဝေ (ကဗျာ)၊ (၂) ရုရှား-ယူကရိန်း စစ်ပွဲနောက်ကွယ် - မင်းအောင်မင်း၊ (၃) မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးမြို့နယ် ပုန်းတပ်ကျေးရွာအနီး သဲချောင်းအတွင်း အလျားရှည် ရေခေါ်ပိုက်တပ် - ဦးခင်အောင်သိန်း၊ (၄) ခေါင်းဆောင်မှုနှင့် မဟာဗျူဟာ အမြင် - စိန်လင်း (ခွဲစိတ်နှင့်ကင်ဆာပါရဂူ)၊ (၅) သစ်တောထိန်းသိမ်းရေးနှင့် ဂေဟာစနစ်ဝန်ဆောင်မှုများ - ဒေါက်တာသောင်းနိုင်ဦး၊ (၆) မျက်မှောက်ခေတ်စစ်ပွဲများနှင့် ဒရုန်း၏အခန်းကဏ္ဍ - ရဲကျော်၊ (၇) ငြိမ်းငြိမ်းချမ်းချမ်း - ညိမ်းညို၊ (၈) တစ်သက်စာခိုနားခွင့် - ကိုယော၊ (၉) မူးယစ်ဆေးစွဲခြင်းဆိုင်ရာသိပ္ပံပညာ - ဒေါက်တာမြင့်သန်း၊ (၁၀) ပြဇာတ် ၂ ပုဒ် - ကိုဇော်ဌေး၊ (၁၁) ငန်းနက်ရိုင်းတို့ပျံလေလျှင် - ဇော်ဦးငြိမ်း၊ (၁၂) ရွှေရောင်နာရီတစ်လုံးနှင့် အခြားဝတ္ထုတိုများ - မင်းလပြည့်၊ (၁၃) လေလှိုင်းကြားက အသက်ရှူသံများနှင့် (စစ်သည်နှလုံးသားခံစားချက်ဝတ္ထုများ) - ရဲမင်းစိုး၊ (၁၄) ခေတ်အဆက်ဆက်နှစ်သက်စရာ တရုတ်ကဗျာများ - မြင်းမူမောင်နိုင်မိုး၊ (၁၅) ဆူးရစ် ကယ်တဲ့ ပွင့်တံချီနှင့် အခြားဝတ္ထုတိုများ - ဝတ်ရည်ခင် (ပဲခူး)၊ (၁၆) နယ်နိမိတ်နဲ့စည်းရိုးကဗျာများ - ဇော်မင်းမင်းဦး၊ (၁၇) သူမ၏ဘဝကောက်ကြောင်း အက်ဆေးစုစည်းမှု - အော်ကျူး၊ (၁၈) ကွန်ချက်ကို သင်ပေးပါနှင့် ဖွံ့ဖြိုးရေးဆောင်းပါးများ - ခန့်ဇော် (ကျေးလက်)၊ (၁၉) တုယှဉ်လို့ဘယ်မမီ - ကြည်မင်းဝေ (ဆင်ဖြူကျွန်း)