၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ ရောင်းချနေပြီ ဖြစ်ပါသည်။ ယခုအပတ်ထုတ် မြန်မာနိုင်ငံတော် ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။

အပိုင်း (၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့် ကြော်ငြာစာတို့ ပါဝင်ပါသည်။ 

အပိုင်း (၂) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ အကောက်ခွန်ဦးစီးဌာန အမိန့်ကြော်ငြာစာတို့ ပါဝင်ပါသည်။ 

အပိုင်း (၄) တွင် ၂၀၂၀ ပြည့်နှစ်၊ လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ TAIHEI ENGINEERING MYANMAR COMPANY LIMITED (၂၀၂၀ ပြည့်နှစ်၊ လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ၂၀၁ နှင့် လူမွဲခံယူခြင်းဆိုင်ရာနည်းဥပဒေပုဒ်မ ၈၇ အရ) အစုရှယ်ယာရှင်များ၏ဆန္ဒအလျောက် ကုမ္ပဏီ စာရင်းရှင်းလင်းဖျက်သိမ်းဆဲထံမှရရှိသည့် ကြွေးမြီများလာရောက်တောင်းခံကြပါရန် အသိပေး ကြေညာခြင်း၊ ၂၀၂၀ ပြည့်နှစ်၊ လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ WATANABE KIKAKU (MYANMAR) COMPANY LIMITED (၂၀၂၀ ပြည့်နှစ်၊ လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ၂၀၁ နှင့် လူမွဲခံယူခြင်းဆိုင်ရာနည်းဥပဒေပုဒ်မ ၈၇ အရ) အစုရှယ်ယာရှင်များ၏ဆန္ဒအလျောက် ကုမ္ပဏီ စာရင်းရှင်းလင်းဖျက်သိမ်းဆဲထံမှရရှိသည့် ကြွေးမြီများလာရောက်တောင်းခံကြပါရန် အသိပေး ကြေညာခြင်း၊ Industrial Provision Myanmar Co.,Ltd မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ဥပဒေပုဒ်မ၁၄၇၊ ပုဒ်မ၁၅၂ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၃၄၅၊ ပုဒ်မ၂၅၀ တို့အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန်ကြော်ငြာခြင်းတို့ ပါဝင်ပါသည်။

ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းဈေးမှာ တစ်စောင်လျှင် ၁၂၂၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းကို  အမှတ်-၅၂၉-၅၃၁ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ဖုန်း-၀၁၈၂၄၉၀၃၁ နှင့်   ၀၁-၈၃၈၁၄၄၈၊ အမှတ်- ၅၅ (တ)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင်  ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇ တို့တွင် ဖြန့်ချိရောင်းချလျက်ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ အမှတ်-၂၂၈၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ရန်ကုန်ရုံးခွဲ ဖုန်း ၀၁-၂၅၁၈၉၂၊ ၀၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ