ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံအစိုးရတို့အကြား စာဆိုဗိမာန် တည်ဆောက်ခြင်းစီမံကိန်းသဘောတူညီချက် (Project Agreement) ပါ JPMC (Joint Project Monitoring Committee) အဖွဲ့၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၉-၂-၂၀၂၅ (ဗုဒ္ဓဟူးနေ့) မွန်းလွဲ (၃: ၀၀) နာရီတွင် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ သိမ်ဖြူလမ်း၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် ရန်ကုန်မြို့မှ အဖွဲ့ဝင် ၆ ဦး၊ နေပြည်တော်မှ အဖွဲ့ဝင် ၂ ဦးနှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှ အဖွဲ့ဝင် ၂ ဦး၊ စုစုပေါင်း JPMC အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဘဏ္ဍာငွေသုံးစွဲပြီးစီးမှု အခြေအနေများကို Power Point Presentation ဖြင့်လည်းကောင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို သတ်မှတ်အချိန်ကာလအတွင်း ဆောင်ရွက်နိုင်ရေး Timeline ရေးဆွဲခြင်းဖြင့်လည်း ကောင်း အဖွဲ့ဝင်များအကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။