၂၀၂၁ ခုနှစ် ဇွန်လ (၁၈) ရက်ထုတ် အတွဲ (၇၄)၊ အမှတ် (၂၅) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၁ ခုနှစ် ဇွန်လ (၁၈) ရက်ထုတ် အတွဲ (၇၄)၊ အမှတ် (၂၅) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄)  တို့ပါရှိပါသည်။ 

အပိုင်း (၁) တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အမိန့်ကြော်ငြာစာ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အမိန့်ကြော်ငြာစာ၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ အမိန့်ကြော်ငြာစာ၊ မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အမိန့်ကြော်ငြာစာ၊ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အမိန့်ကြော်ငြာစာ၊ e-Government ဦးဆောင်ကော်မတီ အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (ပြည်ထောင်စု ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြန်ကြားရေးဝန်ကြီးဌာန အမိန့်အမှတ်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမိန့်ကြော်ငြာစာ၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာ၊ 

အပိုင်း (၂) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ သစ်တောဦးစီးဌာန အမိန့်ကြော်ငြာစာ၊

အပိုင်း (၄) တွင် AQUAASIA TECHNOLOGY LIMITED Notice Under Section 206 (1) of the Myanmar Companies Act (In Voluntary Liquidation)၊ Chan Chun Construction Co., Ltd Notice Under Section 206 (1) of the Myanmar Companies Act (In Voluntary Liquidation)၊ IN THE MATTER OF MYANMAR COMPANIES LAW SECTION 348 GLOBAL A & M TRADING COMPANY LIMITED (In members’ voluntary winding-up)၊ D & A (Myanmar) Company Limited နောက်ဆုံးအစည်းအဝေး ခေါ်ယူခြင်း၊ အမ်.ဒဗလျူ.ဒီ ဒိုင်းမွန်း ကုမ္ပဏီ လီမိတက် (M.W.D Diamond Company Limited) နှင့် ဘန်နင်း (င်) ဘွတ် (ရှ်) ကုမ္ပဏီ လီမိတက် (Burning Bush Company Limited) တို့ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပုဒ်မ (၃၄၈) အရ ကုမ္ပဏီအား ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းရန်အတွက် အထူးဆုံးဖြတ်ချက်၊ ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းခြင်း အောင်မြင်ဝေစည် ငွေကြေး ကုမ္ပဏီလီမိတက် (ROARING SUCCESS FINANCE CO., LTD) ဖျက်သိမ်းရန် ကြေညာချက်၊ NOTICE OF CESSATION TO CARRY ON BUSINESS IN THE REPUBLIC OF THE UNION OF MYANMAR BY OVERSEAS CORPORATION THAI CHUMSIN ENGINEERING COMPANY LIMITED (MYANMAR BRANCH) PURSUANT TO SECTION 55 (A) OF MYANMAR COMPANIES LAW
တို့ ပါဝင်ပါသည်။

ယခုအပတ်ထုတ်  ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ