ရန်ကုန်တိုင်းဒေသကြီး

သုံးခွမြို့နယ်၌ မွေးကင်းစမှ (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က မွေးကင်းစမှ (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

သာကေတမြို့နယ် ၁၀၈- တောင် မဟာဗောဓိစွယ်တော်ရှင်စေတီတော်တွင် ၅၉ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူ

သာကေတမြို့နယ် ကျက်သရေဆောင် ၁၀၈ တောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ၅၉ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁ ရက် ညနေ ၄ နာရီက အဆိုပါစေတီတော်ရင်ပြင်၌ ကျင်းပသည်။

သာကေတမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆီလှူဒါန်း

သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနနှင့် မြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ၊ လက်ကားကိုယ်စားလှယ်များမှ ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက အကြိမ် (၂၀) မြောက်အဖြစ် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆီများလှူဒါန်းခဲ့ကြသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မွေးကင်းစမှ အသက်၁နှစ်ခွဲအရွယ်အပိုင်းအခြားထိ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအား ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်းက စတင်၍ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက စနစ်တကျမေးမြန်းဆွေးနွေးပြီး ဂရုတစိုက်ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။

သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံသဘာဝတရားဆေးရုံနှင့် ကုသိုလ်ဘဏ်တွင် မိခင်ကြီးဒေါ်သန်းနွဲ့နှင့် သားသမီးများက အာဟာရဒါနပြုလှူဒါန်း သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၄ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဘုရားလမ်းမနှင့် ဦးညိုလမ်းထောင့်စံပြဆေးရုံကြီး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဘုရားလမ်းမနှင့် ဦးညိုလမ်းထောင့်စံပြဆေးရုံကြီးအနီး ကျိုက္ကဆံသဘာဝတရားဆေးရုံနှင့် ကုသိုလ်ဘဏ်တွင် ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ဆရာတော်ဘုရားကြီး Dr.အရှင်ဥတ္တမသာရအား အမှူးထားကာ မိခင်ကြီး ဒေါ်သန်းနွဲ့နှင့် သားသမီးများက အလှူဒါနအဖြစ် ကြက်သားဟင်းဆီပြန်၊ ငါးဟင်းဆီပြန်၊ ထမင်း၊ ဟင်းစုံနှင့် အချဥ်ရည်ဟင်းတို့အား ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းက အာဟာရဒါနပြုလှူဒါန်းခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်ရှိ အခြခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား အာဟာရကျွေးမွေးလျက်ရှိရာ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်းက အ.လ.က (၄) ကျောင်းတွင် ကျွေးမွေးဆောင်ရွက်ခဲ့ကြသည်။

တွံတေးမြို့နယ်၌ စရီစူဠာမဏိဘုရားကျောင်း သိုက်ဖူးဆမ်ဘုရားပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက် ရွှေဆံတော်ဘုရားလမ်းရှိ စရီစူဠာမဏိဘုရားကျောင်းတွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော သိုက်ဖူးဆမ်ဘုရားပွဲကို ဖဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် (တပို့တွဲလပြည့်နေ့) က အဆိုပါဘုရားကျောင်းနှင့် မြို့တွင်းသို့ လှည်လည်ပူဇော်ပွဲကျင်းပခဲ့သည်။

အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း (မင်္ဂလာဒုံ) ၌ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် (၂) လုပ်ငန်းအကြိုသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် (၂) လုပ်ငန်း အကြိုသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ အမှတ် (၃) လမ်းမကြီးအနီးရှိ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းတွင် ကျင်းပသည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

အဆင့်မြင့်အရာထမ်းသင်တန်းအမှတ်စဉ် (၂၈) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် (၉) နာရီတွင် ကေတုမတီခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/စီမံဌာနများမှ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်မြို့အမျိုးသားဇာတ်ရုံ၌ (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ရန်ကုန်) အခမ်းအနားကျင်းပ

(၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ရန်ကုန်) အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး