ရန်ကုန်တိုင်းဒေသကြီး

ပုဇွန်တောင်စျေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်း၊ ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်‌တွေ့သရုပ်ပြ

ပုဇွန်တောင်မြို့နယ်အတွင်း မီးဘေးတားဆီးကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေ‌ရေး၊ အသိပညာကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အမှတ်(၆)ရပ်ကွက်ရှိ ပုဇွန်တောင်စျေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာ‌ပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မှော်ဘီမြို့နယ် နွေစပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးခြင်း အခမ်းအနား ကျင်းပ

၂၀၂၅ - ၂၀၂၆ ခုနှစ် ဆောင်းသီးနှံ (နေကြာ) မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးခြင်း၊ ဓာတ်မြေဩဇာ၊ ပျားပုံးများ ပေးအပ်ခြင်းနှင့်နွေစပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာ၊ တောင်သူ ဒေါ်အေးအေးပိုင်၏ လယ်တွင် ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ဌာနဆိုင်ရာများမှ ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမျိုးသားသွေးဌာနတွင် တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေးသည်။

လှိုင်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးဘေးသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က လှိုင်မြို့နယ်အတွင်းရှိစျေးများ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်၌ မြို့နယ်အဆင့် အတက်ရောဂါစီမံချက် လုပ်ငန်းစတင်ခြင်း အသိပညာပေးဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြန်မာနိုင်ငံအတက်ရောဂါ စီမံချက်ဖြင့် မြို့နယ်အဆင့်အတက်ရောဂါ စီမံချက်လုပ်ငန်းစတင်ခြင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က တွံတေးမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer JN1 (Gery Cap)ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer JN1 (Gery Cap)ကို ယနေ့နံနက်ပိုင်းက အမှတ်(၃)၊ (၅၂)ရပ်ကွက် တို့တွင် ဦးတည်အုပ်စုများအား Pfizer vaccine(JN1)ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်ပထမနှစ် တက်ခွင့်ရကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကျင်းပ

၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ပထမနှစ် သင်တန်းသို့ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် နည်းပညာတက္ကသိုလ်ကျောင်း ဟောခန်းမတွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် အ.ထ.က(၃) ကျောင်းရှိ ဟားခါးပညာရေးဒီဂရီကောလိပ် သီရိရတနာခန်းမတွင် နေရပ်စွန့်ခွာပြည်သူများ ကြိုတင်ဆန္ဒမဲပေး

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အ.ထ.က(၃)ကျောင်းရှိ ဟားခါးပညာရေး ဒီဂရီကောလိပ် သီရိရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက နေရပ်စွန့်ခွာပြည်သူများ ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ကျန်းမာရေးအသိပညာပေးလုပ်ငန်းနှင့် ကိုဗစ်၁၉ရောဂါကာကွယ် ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ကျန်းမာရေးအသိပညာပေးလုပ်ငန်းနှင့် ကိုဗစ်၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လွတ်လပ်ရေးရပ်ကွက်ရှိ၊ မြန်မာ့စီးပွားရေးဘဏ်(ကြည့်မြင်တိုင်ဘဏ်ခွဲ)သို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ် (PISM)ကိုယ်ပိုင်ကျောင်းရှိ ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်ကာကွယ်ဆေး (Pfizer JN1) ကွင်းဆင်းထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် (၁) ရပ်ကွက်ရှိ (PISM) ကိုယ်ပိုင်ကျောင်းတွင် (၁၈) နှစ်နှင့်အထက် ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအား ကျန်းမာရေးဦးစီးဌာနမှဦးတည်အုပ်စုအလိုက် ကိုဗစ်ကာကွယ်ဆေး (Pfizer JN1) ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး