လသာမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာထားမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုနေမှုအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။