ဒေါပုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (အမှတ်စဉ်၁/၂၀၂၅) ဖွင့်လှစ်ဆောင်ရွက်
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မီးဘေး၊ အခြားသဘာဝဘေးအန္တရာယ်နှင့် ရုတ်တရက် မတော်တဆမှုဖြစ်ပွားသော ဘေးအန္တရာယ်များစသည်ဖြင့် ပေါ်ပေါက်လာပါက မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပြည်သူ့အကျိုးပြု လူမှုဝန်ထမ်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (အမှတ်စဉ်၁/၂၀၂၅) ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။