ရန်ကုန်တိုင်းဒေသကြီး

ကွမ်းခြံကုန်းမြို့နယ်၌ ကိုဗစ်ကာကွယ်ဆေး (Pfizer JN1 Grey Cap) Booster Dose ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကိုဗစ်ကာကွယ်ဆေး (Pfizer JN1 Grey Cap)ကို ထိုးနှံခြင်းကို နိုဝင်ဘာနေ့နံနက် ၉ နာရီအချိန်မှစ၍ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ဆေးရုံကာကွယ်ဆေးထိုးခန်းမတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

တာမွေမြို့နယ်တွင် (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းစီစဉ်ကျင်းပသော (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ တရားမဝင်ဖွင့်လှစ်ထားရှိသော ဆေးရုံများ၊ ဆေးခန်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဆေးပညာဆိုင်ရာသင်တန်းကျောင်းများ၊ ဘာသာရပ်သင် ကိုယ်ပိုင်ကျောင်းများရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘဝလုံခြုံမှုရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင်ဖွင့်လှစ်ထားရှိသော ဆေးရုံများ၊ ဆေးခန်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဆေးပညာဆိုင်ရာသင်တန်းကျောင်းများ၊ ဘာသာရပ်သင်ကိုယ်ပိုင်ကျောင်းများနှင့် အခြားသင်တန်းကျောင်းများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် စစ်ဆေးရေးအဖွဲ့(၂)ဖွဲ့ခွဲ၍ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

သန်လျင်မြို့နယ်၌ အိမ်ထောင်စုစာရင်းမရှိသူများ အားကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

သန်လျင်ခရိုင် သန်လျင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းအဆင့်(၃)စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများသို့ကွင်းဆင်း၌ အိမ်ထောင်စုစာရင်း မရှိသူများအား (M)သင်္ကေတဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

လှိုင်မြို့နယ်၍ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ(အခမဲ့) ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်း များတွင် ယမန်နေ့နံနက် (၉) နာရီအချိန်ကစတင်၍ သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်၌ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကြေငြာခြင်းမပြုမီ စိစစ်ရေးအဖွဲ့ဖြင့် မဲဆန္ဒရှင်စာရင်း စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်‌‌ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင်၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ ဆောင်‌‌ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာရပ်ကွက်များတွင်  စိစစ်ရေးအဖွဲ့ဖြင့် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်းကို ဆောင်ရွက် လျက်ရှိသည်။

ဒေါပုံမြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်ဒုတိယအကြိမ်မဲဆန္ဒရှင် ပြည်သူများစာရင်းကို ကပ်ထားကြေညာရာတွင် ပြည့်စုံမှန်ကန်မှုရှိစေရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်

ကပ်ထားကြေညာရာတွင် ပြည့်စုံမှန်ကန်မှုရှိရေးအတွက် စာရင်းတိုက်ဆိုင် စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တာဝန်ရှိသူများမှ ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း မြန်မာနိုင်ငံမှ I.S.P.E FC အမျိုးသမီးဘောလုံး အသင်းနှင့် တောင်ကိုရီယားနိုင်ငံမှ SUWON FC  အမျိုးသမီးဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

မြန်မာနိုင်ငံမှ I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့် တောင်ကိုရီယားနိုင်ငံမှ SUWON FC အမျိုးသမီး ဘောလုံးအသင်းတို့၏ အာရှအမျိုးသမီး ချန်ပီယံလိဒ်ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်ကို နိုဝင်ဘာ ၉ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည်။

သန်လျင်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများအား သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်း ဆောင်ရွက်

သန်လျင်ခရိုင် သန်လျင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများအား သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ငပကျေးရွာ အ.မ.က မူလွန်ကျောင်းနှင့် အ.မ.က သစ်စက်ကျောင်းတို့၌ ပြုလုပ်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး