ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြို့နယ်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက သက်ဆိုင်ရာရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းမှစ၍ ခနောင်တိုအရှေ့ရပ်ကွက်နှင့် ခနောင်တိုအနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ရပ်ကွက်နေပြည်သူများအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။