ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး (၄၉)ကြိမ်မြောက် အာဆီယံဆိပ်ကမ်းများအသင်း (ASEAN Ports Association) နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတက်ရောက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အိမ်ရှင်နိုင်ငံအဖြစ် နိုဝင်ဘာလ ၆-၇ ရက် များတွင် ရန်ကုန်မြို့ Wyndam Grand Yangon Hotel ၌ လက်ခံကျင်းပမည့် (၄၉)ကြိမ်မြောက် အာဆီယံဆိပ်ကမ်းများအသင်း နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။