ဗီယက်နမ်နိုင်ငံ၌ သွန်းလောင်းထုလုပ်ပူဇော်သော ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဦးခေါင်းတော်တပ်ဆင်ခြင်းအခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၉၀)ရပ်ကွက် ရမ္မာဝတီလမ်းရှိ မဟာပုညဝိဟာရ(ဗီယက်နမ်)ကျောင်းတိုက်တွင် ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေး သာသနာပြုလုပ်ငန်းစဥ်အရ ဗီယက်နမ်နိုင်ငံတွင် သွန်းလောင်းထုလုပ်ပူဇော်အပ်သော ဉာဏ်တော်အမြင့် ၁၉ ပေရှိ ထိုင်တော်မူကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းများအား တပ်ဆက်ပူဇော်ခဲ့ရာ ယနေ့နံနက်ပိုင်းက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဦးခေါင်းတော်တပ်ဆင်ရန်အတွက် အန္တရာယ်ကင်းပရိတ်တရားတော်များ နာကြားသည်။