ရန်ကုန်တိုင်းဒေသကြီး

ကော့မှူးတွင် နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်အတွင်းနှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်က ပြည်တော်သာရပ်ကွက် ဇောတိကဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ H.E. Mr.Evgeny Grigoryev ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ H.E.Mr. Evgeny Grigoryev ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲ့သည်ယနေ့ ညပိုင်းတွင်ရန်ကုန်မြို့မှ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း သံအမတ်ကြီး H.E. Mr. lskander Azizov ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျုဟာလေ့လာရေးနှင့် လေ့ကျင်ရေးဦးစီးဌာန၊ ညွှန့်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ပို့ဆောင်နှုတ် ဆက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးသည် ယနေ့မွန်းလွဲ ၂ နာရီခွဲက ပန်းဘဲတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးနှင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖွဲ့ဝင်များနှင့်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်‌မောင်ကျော်နှင့်အဖွဲ့ဝင်များသည် မဲစာရင်းမှန်ကန်‌ရေးနှင့်လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ဗိုလ်တထောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌရုံးခန်းတွင် ယမန်နေ့ညနေ ၃ နာရီအချိန်က တွေ့ဆုံကြောင်း သိရသည်။

အောင်ပန်းမြို့၌ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင်ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေးဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ အောင်ပန်းခန်းမ၌ စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့်ဆည်‌မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်‌ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက် နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊ က‌လောခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုး‌ရေးတောင်သူ လယ်သမားများ၊ ပိုးသတ်ဆေးရောင်းချသည့် လုပ်ငန်းရှင်များ စုစုပေါင်း၂၉၈ ဦးတက်ရောက်ကြသည်။

အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့ (International Day of Intangible Cultural Heritage) အထိမ်းအမှတ်အခမ်းအနား ကျင်းပ

အပြည်ပြည်ဆိုင်ရာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့ (International Day of Intangible Cultural Heritage) အထိမ်းအမှတ်အနေဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနတို့က ကျင်းပသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ စကားဝိုင်းဆွေးနွေးပွဲနှင့်ပြပွဲ” အခမ်းအနားကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက အမျိုးသားပြတိုက်(ရန်ကုန်) ပထမထပ် ဘက်စုံခန်းမ၌ ကျင်းပသည်။

၂၀၂၅ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ၊ အားကစားပြိုင်ပွဲ၊ ရန်ကုန်ဇုန်(၂) အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ၊ အားကစားပြိုင်ပွဲ၊ ရန်ကုန်ဇုန်(၂) အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက ဒေါပုံမြို့နယ်၊ အားကစားခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဘော်လီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲနိုင်၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သန်လျင်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေလျှံမှု ဖြစ်ပွား

သန်လျင်ခရိုင်၊ သန်လျင်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့မွန်းလွဲ (၂) နာရီက မြို့မတောင်ဖိုးမြေရပ်ကွက်ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေလျှံမှုများဖြစ်ပွားခဲ့သည်။

မှော်ဘီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ မြောင်းတကာအခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မှော်ဘီမြို့နယ် မြောင်းတကာ အ-ထ-ကကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဒေါပုံမြို့နယ် ဆရာအတတ်ပညာဦးစီးဌာနတွင် ၂၀၂၅ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ၊ ရန်ကုန်ဇုန်(၂) အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ဆရာအတတ်ပညာဦးစီးဌာန၊ ၂၀၂၅ ခုနှစ်၊ ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ၊ ရန်ကုန်ဇုန်(၂)၊ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ဒေါပုံမြို့နယ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး