ရန်ကုန်တိုင်းဒေသကြီး

သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား Smart Card များ ဆက်လက်ထုတ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး သင်္ဃန်းကျွန်းမြို့ရုံးတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား Smart Card (Biomertric Card)များအား မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးနှင့် ဝန်ထမ်းများက နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်တွင် ''သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေးသင်တန်း'' ဖွင့်ပွဲအခမ်းအနားကျင်းပ

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် Excellent Myanmar Advisory Group (Alpha) Company Limited of လက်တွဲပူးပေါင်း၍ အနာဂတ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် ရည်ရွယ်ဦးတည်ဖွင့်လှစ်သည့် “သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေး သင်တန်းဖွင့်ပွဲအခမ်းအနား” ကို မရမ်းကုန်းမြို့နယ် လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲကာလ၌ အသုံးပြုခဲ့သော မဲရုံသုံးပစ္စည်းများ စနစ်တကျလာရောက်အပ်နှံ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပပြီးစီးခဲ့၍ မဲရုံများတွင် အသုံးပြုခဲ့သော MEVM မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့ညပိုင်းက မြို့နယ်အားကစားခန်းမသို့ လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။

လသာမြို့နယ် ရပ်ကွက်များရှိ မဲရုံများ၌ မဲရုံရုပ်သိမ်းချိန်တွင်မဲများကို စနစ်တကျရေတွက်ရာတွင် ရန်ကုန်မြို့ အခြေစိုက်သံရုံးများမှ တာ၀န်ရှိသူများ လာ‌ရောက်လေ့လာ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ကျင်းပသော ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ယမန်နေ့ နံနက် (၆) နာရီမှ ညနေ (၄) နာရီအထိ မဲရုံအသီးသီးတွင် စည်းမျဉ်းများနှင့် စနစ်တကျဆောင်ရွက်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများကလည်း လွတ်လပ်ခိုင်မာစွာ ဆန္ဒမဲပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးနေမှုများကို ကွင်းဆင်းကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်သည့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးနေမှုများကို ကွင်းဆင်း ကြည့်ရှုအားပေးသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကို မြို့နယ်ပေါင်း (၁၀၀) မြို့နယ်၌ ကျင်းပပြုလုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယမန်နေ့ နံနက် ၆ နာရီမှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း (၁၀၀)မြို့နယ်အတွင်း သတ်မှတ်မဲရုံအသီးသီး၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် နှစ်သစ်ကူးစတုဒီသာထမင်းဟင်းများ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက် ဗိုလ်အောင်ကျော်လမ်း အိမ်အမှတ် ၃၀၈ နေ ဦးနေစိုးနိုင် + ဒေါ်ခင်နှင်းဝေ မိသားစု၏ နှစ်သစ်ကူးအာဟာရဒါနလှူဒါန်းပွဲအား နှစ်စဥ်လှူဒါန်းပေးလျက်ရှိသည်။

လှည်းကူးမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယမန်နေ့ နံနက် ၆ နာရီမှစတင်၍ ရပ်ကွက်/ကျေးရွာ အုပ်စုအသီးသီးရှိ မဲရုံများတွင် ကျင်းပရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိသည်။

တာမွေမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သန်လျင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊တီဘီ ရောဂါဝေဒနာရှင်များအား(အခမဲ့) ကျန်းမာရေး စောင်ရှောက်မှုပေးခြင်းဆောင်ရွက်

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာ ရှင်များအား (အခမဲ့) ကျန်းမာရေးစောင်ရှောက်မှုပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က သန်လျင်မြို့နယ် အတွင်းရှိ ကျန်းမာရေးဆေးပေးခန်းများ၌ဆောင်ရွက်ခဲ့ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး