ရန်ကုန်တိုင်းဒေသကြီး

သင်္ဃန်းကျွန်းမြို့နယ်တွင် နှစ်သစ်ကူးစတုဒီသာထမင်းဟင်းများ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက် ဗိုလ်အောင်ကျော်လမ်း အိမ်အမှတ် ၃၀၈ နေ ဦးနေစိုးနိုင် + ဒေါ်ခင်နှင်းဝေ မိသားစု၏ နှစ်သစ်ကူးအာဟာရဒါနလှူဒါန်းပွဲအား နှစ်စဥ်လှူဒါန်းပေးလျက်ရှိသည်။

လှည်းကူးမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယမန်နေ့ နံနက် ၆ နာရီမှစတင်၍ ရပ်ကွက်/ကျေးရွာ အုပ်စုအသီးသီးရှိ မဲရုံများတွင် ကျင်းပရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိသည်။

တာမွေမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သန်လျင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊တီဘီ ရောဂါဝေဒနာရှင်များအား(အခမဲ့) ကျန်းမာရေး စောင်ရှောက်မှုပေးခြင်းဆောင်ရွက်

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာ ရှင်များအား (အခမဲ့) ကျန်းမာရေးစောင်ရှောက်မှုပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က သန်လျင်မြို့နယ် အတွင်းရှိ ကျန်းမာရေးဆေးပေးခန်းများ၌ဆောင်ရွက်ခဲ့ကြသည်။

ဗဟန်းမြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများဆန္ဒမဲပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ မဲရုံများတွင် ပြည်သူများအနေဖြင့် အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် တောင်ဥက္ကလာပမြို့နယ်၌ နံနက်(၆)နာရီအချိန် မဲရုံများစတင်ဖွင့်လှစ်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့ဇန်နဝါရီ (၁၁)ရက်တွင် စတင်ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့နံနက်(၆)နာရီမှစတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။

ထန်းတပင်မြို့နယ်၌ မဲရုံအသီးသီးတို့တွင် မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲပေးနေမှု အခြေအနေများ လှည့်လည်ကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးတို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီလ(၁၁)ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ကျင်းပပြုလုပ်လျက်ရှိရာ မဲရုံအသီးသီးတို့တွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးနေမှုများကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်တာဝန်ရှိသူများကကြည့်ရှုအားပေးသည်။

အင်းစိန်မြို့နယ်တွင်  မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှစတင်၍ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာစနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှ ကွမ်းခြံကုန်းမြိုနယ်၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာစတင်မဲပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၂)အား ဇန်နဝါရီ(၁၁)ရက် ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြိုနယ်၌ ယနေ့နံနက်(၆)နာရီမှ စတင်ကာ မဲရုံအသီးသီး၌မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာစနစ်တကျ ဆန္ဒမဲပေးလျက်ရှိ‌ကြောင်းသိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး