ရန်ကုန်တိုင်းဒေသကြီး

လှိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ INSTALLATION တပ်ဆင် အသုံးပြုခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဒုတိယအပိုင်း(၂)ကို ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ INSTALLATION တပ်ဆင်အသုံးပြုခြင်းများကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ကော့မှူးတွင် MEVM မဲပေးစက် Installation ပြုလုပ်ခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ MEVM မဲပေးစက် Installation ပြုလုပ်ခြင်းသင်တန်းကို ဒီဇင်ဘာလ ၁ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

​​​​​​​ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

 ၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME စျေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်း‌ဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ ကျင်းပသည်။

လှိုင်မြို့နယ် စာရေးဆရာအသင်းက စီစဉ်ကျင်းပသော အမေများနေ့ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်းက စီစဉ်ကျင်းပသောစတုတ္ထအကြိမ်မြောက် အမေများနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ဘူတာရုံလမ်း၊ အောင်ချမ်းသာကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကော့မှူးမဲရုံများတွင် တာဝန်ထမ်းဆောင်မည့် တာဝန်ရှိသူများနှင့် တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့သစ်ရပ်ကွက်ရှိ၊ မြို့နယ်အားကစားခန်းမ၌ ယမန်နေ့မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ INSTALLATION တပ်ဆင်အသုံးပြုခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊တွံ‌တေးခရိုင်၊ကွမ်းခြံကုန်းမြို့နယ်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ INSTALLATION တပ်ဆင်အသုံးပြုခြင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

ကွမ်းခြံကုန်းမြို့နယ်၌ မဲရုံမှူး၊ဒုမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ အ-ထ-က (၂) ဇာတိမာန်ခန်းမ၌ ယနေ့နံနက်ပိုတွင် မဲရုံတွင် တာဝန်ထမ်းဆောင်ကြမည့် တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည် ဆရာ၊ ဆရာမများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပါတီစုံဒီမိုကရေစီအ‌ထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကျင်းပပြုလုပ်ရာတွင် မဲရုံအသီးသီးတို့၌ တာဝန်ထမ်းဆောင်ကြမည့်ဆရာ၊ ဆရာမများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးရှေ့တွင် လက်တွေ့ပြသပေးခဲ့ကြသည်။

တိုက်ကြီးမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို  ယနေ့နံနက် ၈ နာရီက ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌ ကျင်းပရာ ညွှန်ကြားရေးမှူး ကျောင်းအုပ်ကြီး ဦးသိန်းစိုးမင်းက အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

မြောက်ဥက္ကလာပမြို့နယ်၌ (၇၈) နှစ်မြောက်  လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းတွင် ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက်ပိုင်းက အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး