ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ပထမနေ့ လာရောက်လည်ပတ်သူ များပြား
ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်ပန်းခြံ၌ ကျင်းပသော MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ပထမနေ့တွင် ပြည်သူများသည် မိသားစုအဖွဲ့လိုက်၊ မိတ်ဆွေသူငယ်ချင်းအဖွဲ့လိုက် လာရောက် လည်ပတ်ကြပြီး ဈေးရောင်းပွဲတော်နှင့်ဂီတပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။