ရန်ကုန်တိုင်းဒေသကြီး

ခရမ်းမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခရမ်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက် ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ တတိယအကြိမ် ခရစ္စမတ်ပွဲတော်ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ သင်္ဃန်းကျွန်းခရိုင်မှ ကြီးမှူးကျင်းပသော တတိယအကြိမ် ခရစ္စမတ်ပွဲတော်အခမ်းအနားကို ဒီဇင်ဘာလ (၂၇) ရက်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဇ/တောင်ရပ်ကွက် ဝေဇယန္တာအတွင်းလမ်း ဧဝံဂေလိဓမ္မကောလိပ်ကျောင်းဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) မှ နာယက ဦးညွန့်လှ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတူးတူး (ခရစ်ယာန်ဘာသာ)၊ ဒုတိယဥက္ကဋ္ဌ ‌ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာ)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) မှ ဂုဏ်ထူးဆောင်နာယက ဒေါက်တာအေးမင်း၊ တိုင်းဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းခရိုင်နှင့် မြို့နယ်များမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ခရစ်ယာန်ဓမ္မမိတ်ဆွေမိသားစုများ တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် အသုံးပြုမည့် MEVM မဲပေးစက်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ရောက်ရှိ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်များ ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ရောက်ရှိကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့်‌ မယ်လမုစေတီတော်ကြီး (၅၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိပွဲ‌တော် ဗုဒ္ဓါဘိ‌သေကအနေကဇာတင်အခမ်းအနားနှင့် မဟာပဌာန်းကျမ်းမြတ်ရွက်ဖတ်ပူ‌ဇော်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့် မယ်လမုစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဦးစီးကျင်းပသော (၅၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိပွဲတော် ဗုဒ္ဓါဘိ‌သေကအနေကဇာတင်အခမ်းအနားကို ယမန်နေ့ နံနက် ၅ နာရီအချိန်က ဆုတောင်းပြည့် မယ်လမုစေတီတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ ပင့်သဃာတော်များက စေတီ‌တော်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ဆီမီးတို့ဖြင့် ကပ်လှူပူဇော်ခဲ့သည်။

ပုဇွန်တောင်မြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲ၊ ဉာဏ်စမ်းစွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်ပြပွဲများကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမနှင့် ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုသားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး‌‌ကျင်းပသော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုသား ကောင်းမိခင်နှင့် ကလေးပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

ကော့မှူးတွင် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြော‌

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ကော့မှူး) နှင်းဆီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာ‌ပေးဟော‌ပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တော်ဝင်ဂုဏ်ထူးသစ် ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား အသိပညာပေးဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ် တော်ဝင်ဂုဏ်ထူးသစ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ခရမ်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ကျေးလက်လမ်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေဦးစီးဌာန၏၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ၏ ဆောင်ရွက်နေမှုအခြေအနေကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)၊ ဦးစီးအရာရှိ (မြို့ပြ)၊ အရည်အသွေးစစ်ဆေးအဖွဲ့တို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သတင်းရရှိသည်။

အလုံမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့‌ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲနှင့် ပြပွဲကို ကျင်းပခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး