ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်များ တွံတေးမြို့နယ်တွင်မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တွံတေးမြို့နယ်တွင် မဲရုံများပြင်ဆင်ထားရှိမှု အခြေ အနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဌေးအောင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများ ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဌေးအောင်သည် ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

တွံတေးမြို့နယ်၊ တွံတေးမွေးမြူရေးဇုန် တိရစ္ဆာန်အစာစပ် စက်ရုံ ဖွင့်ပွဲ အခမ်းအနားကျင်းပ

Shwe Zaw Company Limited ၏ တွံတေးမြို့နယ်၊ တွံတေးမွေးမြူရေးဇုန် တိရစ္ဆာန်အစာစပ် စက်ရုံဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက်နေ့က အဆိုပါစက်ရုံဝင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဇုန်ကော်မတီမှ တာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တွံတေးခရိုင်မှ ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ဝင်များသို့ ယူနီဖောင်၊ ဆန်၊ ဆီနှင့် စားသောက်ကုန်များ ပေးအပ်ပွဲခြင်း၊ မဲရုံများပြင်ဆင်ထားမှုကြည့်ရှုခြင်းနှင့် တိရိစ္ဆာန်အစာစပ်စက်ရုံ ဖွင့်ပွဲတက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်တို့မှ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်၊ ဆီနှင့် စားသောက်ကုန်များ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တွံတေးမြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနရှိ(ခ)အဆင့်အားကစားရုံတွင်ကျင်းပသည်။

ခရမ်းမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခရမ်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက အမှတ် (၃) ရပ်ကွက် ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ရွှေပြည်သာမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်မဲရုံအသီသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၂၆)ရက်နေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရွှေပြည်ရတနာခန်းမ၌ ကျင်းပခဲ့သည်။

တိုက်ကြီးမြို့နယ်၌ မဲပေးစက်များ ထုတ်ယူနေမှုနှင့် မဲရုံများခင်းကျင်းနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံများသို့ မဲပေးစက်များ ထုတ်ယူနေမှုအခြေအနေနှင့် မဲရုံများခင်းကျင်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ​ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ခရစ္စမတ်နေ့(ခရစ်တော်မွေးနေ့)အခမ်းအနားကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ​ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ခရစ္စမတ်နေ့(ခရစ်တော်မွေးနေ့)အခမ်းအနားအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊မဟာဗန္ဓုလလမ်းရှိ ဧမာနွေလခရစ်ယာန်ဘုရားကျောင်းတွင် ကျင်းပ

သန်လျင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေး စက်(MEVM)များအား ရပ်ကွက်/ ကျေးရွာအုပ်စု မဲရုံမှူးများမှ လာရောက်ထုတ်ယူ

သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအား  သန်လျင်မြို့နယ်အတွင်းရှိ မဲရုံများသို့ ဖြန့်ဝေချထားနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု မဲရုံမှူးများအား ထုတ်ပေးခြင်းကို ယနေ့နံနက်တွင် သန်လျင်မြို့ အ.ထ.က(၁)ရတနာရှင်သန့်ခန်းမ၌ ပြုလုပ်သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်  သင်္ဃန်းကျွန်းမြို့နယ်၌  တတိယအကြိမ် မဲစာရင်းကပ်ထားမှု ကွင်းဆင်းကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းသည်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးနေဝင်းအောင်တို့နှင့်အတူ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ် (က)ရပ်ကွက်၌ တတိယအကြိမ် မဲစာရင်းကြေညာထားမှုအပေါ် ပြည်သူများမဲစာရင်းလာရောက်ကြည့်ရှုသည့်အခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး