သန်လျင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေး စက်(MEVM)များအား ရပ်ကွက်/ ကျေးရွာအုပ်စု မဲရုံမှူးများမှ လာရောက်ထုတ်ယူ
သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအား သန်လျင်မြို့နယ်အတွင်းရှိ မဲရုံများသို့ ဖြန့်ဝေချထားနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု မဲရုံမှူးများအား ထုတ်ပေးခြင်းကို ယနေ့နံနက်တွင် သန်လျင်မြို့ အ.ထ.က(၁)ရတနာရှင်သန့်ခန်းမ၌ ပြုလုပ်သည်။