ရန်ကုန်တိုင်းဒေသကြီး

လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်စွမ်းရည်ပြပွဲအခမ်းအနား ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်စွမ်းရည်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ လှည်းကူးပညာရေး ဒီဂရီကောလိပ်၊ ပညာ့အားမာန်ခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်စက်မှုဇုန်၌ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စက်မှုဇုန်အတွင်းရှိ စက်ရုံ/ အလုပ်ရုံများမှ ကာယ၊ ဉာဏဝန်ထမ်းများအား အကြိုအခြေခံမီးသတ်ပညာသင်တန်းပေးခြင်း ဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက စက်မှုဇုန် ကနောင်ခန်းမတွင် ကျင်းပသည်။

ဒဂုံမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့်ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။

တိုက်ကြီးမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် မဲရုံများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် မဲရုံများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ ခရိုင်မီးသတ်ဦးစီးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်၊ ဥက္ကံမြို့ရှိ ရပ်ကွက် ၄ ရပ်ကွက်နှင့် ဘုရားကုန်းကျေးရွာရှိ မဲရုံများသို့ ကွင်းဆင်းစစ်ဆေးသည်။

အလုံခရိုင်၊ အလုံမြို့နယ်၌ MEVM မဲပေးစက်များ ထိန်းသိမ်းထားရှိမှုအခြေအနေအား အလုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများမှ မြေပြင်ကွင်းဆင်းစစ်ဆေး

အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အလုံမြို့နယ်ရဲတပ်ဖွဲ့ရုံး၌ ယမန်နေ့ နေ့လယ်က MEVM စက် ၉၈ လုံးအား Installation ပြုလုပ်ခြင်း၊ မဲပေးစက်များ ထိန်းသိမ်းထားရှိမှုအခြေအနေအား အလုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများမှ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လသာမြို့နယ်၌ သန့်ရှင်းသပ်ရပ်ရေးနှင့် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် အမှတ် (၁၀) ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် မြို့မကျောင်းလမ်းထောင့်ရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသပ်ရပ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယ‌မန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

သန်လျင်မြို့နယ်အတွင်းရှိ ရေသန့်စက်ရုံများအားကြည့်ရှုစစ်ဆေး

သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်းရှိ ရေသန့်စက်ရုံများအား ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဒေါပုံမြို့နယ်အတွင်းရှိ မဲရုံများတွင် မဲပေးစက်များ ဇာတ်တိုက်လေ့ကျင့်ခင်းကျင်းခြင်း အစီအစဉ်ဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရာတွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအကြိုကာလအတွင်း မဲရုံများတွင်မဲပေးစက်များ ဇာတ်တိုက်လေ့ကျင့်ခင်းကျင်းခြင်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်က စတင်ကာ တာဝန်ရှိသူများက ရပ်ကွက်များအလိုက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တွံတေးမြို့နယ်၌ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများ ရောက်ရှိလာသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အုန်းပင်စုရပ်ကွက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ (ခ) အဆင့် အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တံတားမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်တပ်ဆင်ပုံများ လက်တွေ့တပ်ဆင်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ရာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ တပ်ဆင်ပုံအဆင့်ဆင့် သရုပ်ပြသခြင်းနှင့် လက်တွေ့တပ်ဆင်ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက ဆူးလေဘုရားလမ်းရှိ ဟိုတယ်နှင့် ခရီးသွားလာရေးအဆောက်အဦ၌ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး