ရန်ကုန်တိုင်းဒေသကြီး

ဒလမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် ချယ်ရီသင်္ဘောဆိပ်၊ ကမာအောင်သမ္ဗာန်ဆိပ်၊ အောင်ဇေယျစျေး၊ တာကြီးစစ်ဆေးရေးဂိတ်များတွင် ဖြန့်ဝေပေးခဲ့သည်။

သန်လျင်မြို့နယ် သဒ္ဓမ္မမဉ္ဇူသီရှင်စာသင်တိုက်နှင့် ပညာသင်ကျောင်း၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ သဒ္ဓမ္မမဉ္ဇူသီရှင်စာသင်တိုက်နှင့် ပညာသင်ကျောင်း၌ သီလရှင်ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ထိုးနှံခဲ့ကြသည်။

လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်​/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲပြုလုပ်

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ ရပ်ကွက်/ကျေးရွာများရှိ စာကြည်တိုက်များဖွံဖြိုးတိုးတက် ရှင်သန်ရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး (Community Centre) ခန်းမတွင် ပြုလုပ်သည်။

ပုဇွန်တောင်မြို့နယ်၌ ဒီဇင်ဘာအားကစားလ အထိမ်းအမှတ် သုံးယောက်တွဲ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ဒီဇင်ဘာအားကစားလအထိမ်းအမှတ် သုံးယောက်တွဲ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက် ၅၂ လမ်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ဒီဇင်ဘာအားကစားလ ဒုတိယပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၌ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

သာကေတမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က သာကေတမြို့နယ်အခွန် ဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့သည်။

မရမ်းကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန် MEVM မဲပေးစက်များ ရောက်ရှိနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် ၅ ရပ်ကွက်၊ နဂါးရုံဘုရားလမ်းရှိ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနရုံး၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန် MEVM မဲပေးစက်များ installation ပြုလုပ်နေမှု့ကို ယနေ့နံနက်ပိုင်းက မရမ်းကုန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့်အဖွဲ့ဝင်များမှ လာ‌ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

တွံတေးမြို့နယ်၌ မွေးမြူရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တွံတေးမွေးမြူရေးဇုန် စီမံခန့်ခွဲရေးကော်မတီ (EC)ရုံး၌ တွံတေးမွေးမြူ‌‌ရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပက်သတ်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲပါဝင်ယှဉ်ပြိုင်မည့် စစ်တုရင် အားကစားအဖွဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာ

၂၀၂၅ ခုနှစ်  ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စစ်တုရင် အားကစားနည်းမှ အားကစားသမား(၈)ဦး တို့သည် ယမန်နေ့နံနက် ၆ နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာသွားရာ အဆိုပါအားကစားအဖွဲ့ကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များလိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ ကြောင်းသိရသည်။

ကျောက်တံတားမြို့နယ် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်များ တပ်ဆင်ပုံသရုပ်ပြ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ရာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) များ တပ်ဆင်ပုံအဆင့်ဆင့် သရုပ်ပြသခြင်းကို ယမန်နေ့ညနေပိုင်းက ဆူးလေဘုရားလမ်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေး အဆောက်အဦ၌ ကျင်းပခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး