ရန်ကုန်တိုင်းဒေသကြီး

သုံးခွမြို့နယ်တွင် ပဲတီစိမ်းစိုက်တောင်သူများအတွက် နည်းပညာပေးသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် မြန်မာနိုင်ငံမှ ပဲတီစိမ်းအား ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင်ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်သော ပဲတီစိမ်းများ စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်‌မြောင်း၀န်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပဲတီစိမ်းစိုက်တောင်သူများအတွက် တောင်သူနည်းပညာပေးသင်တန်းကို သုံးခွမြို့နယ် လေးကျွန်းမာန်အောင်ဘုရားဓမ္မာရုံ၌ ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေးစီမံကိန်း နည်းပညာပေးကွင်းလက်တွေ့ စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ဒေသတွင်းဆီစားသုံးမှု ဖူလုံစေရေးရည်ရွယ်၍ ဆောင်းသီးနှံဖြစ်သည့် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးစီမံကိန်း နည်းပညာပေးကွင်းလက်တွေ့စိုက်ပျိုးခြင်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက် ၈ နာရီက ဥတိုကျေးရွာ၊ ကွင်းအမှတ် (၇၇၅)၊ ဦးပိုင်အမှတ် (၃၇) ရှိ တောင်သူ ဦးကျော်လွင်၏ လယ် ၁၅ ဧကတွင် ကျင်းပသည်။

ကော့မှူးတွင် လူကုန်ကူးမှုဝာားဆီးကာကွယ်‌ရေး အသိပညာ‌ပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက်ပေါင်းစုံ အလွတ်တန်း (ဖူဆယ်) အမျိုးသားဘောလုံးပြိုင်ပွဲစတင် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ခု နှစ်၊ ဒီဇင်ဘာလူထုအားကစားလအားကစားလှုပ်ရှားမှုအဖြစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံအလွတ်တန်း (ဖူဆယ်) အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ခနောင်တိုအရှေ့ရပ်ကွက်ရှိ (ဖူဆယ်) ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သည်။

တိုက်ကြီးမြို့နယ် ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌ ဝန်ကြီးဌာနကိုယ်စားပြု ဦးစီးအရာရှိများ လုပ်ငန်းခွင်သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့် ပညာပေးရေးသင်တန်းကျောင်း၌ ဝန်ကြီးဌာနကိုယ်စားပြု ဦးစီးအရာရှိများ လုပ်ငန်းခွင်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းတွင် ကျင်းပသည်။

ပဲတီစိမ်းစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများသို့ မျိုးနှင့်သွင်းအားစုပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တစ်စပ်တစ်ဆက်တည်း ပဲတီစိမ်းဧက(၁၀၀၀)စိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများသို့ မျိုးနှင့်သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကတုံးပေါ်အလယ်ကျေးရွာ တောင်သူဦးမြင့်သန်းလယ်ကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

သုံးခွမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံငွေပေးအပ်ခြင်း အခမ်းအနားပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လမ်းမတော်မြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မဟာဗန္ဓုလမ်းတစ်လျှောက် ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကော့မှူးတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ကော့မှူး) ကျောင်း၌ ယ‌နေ့မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များဖြင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆာင်ရွက်

အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ အလုံမြို့မရဲစခန်း၌ ယနေ့နံနက်ပိုင်းက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များ ထုတ်ယူခြင်း၊ Installation ပြုလုပ်ခြင်း၊ စက်စမ်းသပ်ခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး