မန္တလေးတိုင်းဒေသကြီး

ငါန်းဇွန်မြို့နယ်၌ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ပွဲ (ဒုတိယမြောက်နေ့)ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲ (ဒုတိယမြောက်နေ့)အဖြစ် မြို့နယ်ပညာရေးမှူးဌာနမှ ကြီးမှူး၍ ငါန်းဇွန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ယနေ့နံနက်(၉)နာရီတွင် အထွေထွေဗဟုသုတနှင့်နေ့လယ် (၁)နာရီတွင် လူတွေ့နှုတ်ဖြေတို့ဖြင့် ယှဉ်ပြိုင်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ် အခွန်ဆိုင်ရာဆွေးနွေးပွဲပြုလုပ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်မြေသာစံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးက အခွန်ဆိုင်ရာဆွေးနွေးပွဲကို ဒီဇင်ဘာလ ၄ရက်နေ့ နံနက်  ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊‌ အောင်‌မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ၆၅လမ်း၊ ၂၂×၂၃ လမ်းကြား တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ပြည်ကြီးတံခွန်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၂၇) အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြင်းခြံမြို့၌ ဒို့အတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ဒို့အတူ မဲပေးကြမယ် အသိပညာပေး သတင်းစကားလက်ကမ်းစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မြို့လယ်ခေါင် နာရီစင်နှင့် အေးမြသီတာဈေးတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့၌ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လွတ်လပ်စွာ မဲဆန္ဒပေးနိုင်စေရန် အသိပညာပေး နှိုးဆော်သည့်၊ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီက မြို့လယ်မီးပွိုင့်လမ်းဆုံနှင့် မီးသတ်လမ်းဆုံမီးပွိုင့်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ ဒို့အတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို၊ ဘောဂဝတီရပ်ကွက်အုပ်စု၊ မြို့ဦးရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဘေးတွင် ယမန့်နေ့ညနေ ၄ နာရီက “ဒို့အတူမဲပေးကြမယ်” ဆိုင်းဘုတ်စိုက်ထူပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကို မြို့နယ်ပညာရေးမှူးဌာနမှ ကြီးမှူး၍ ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီက စတင်၍ ငါန်းဇွန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာစာဘာသာ စတင်ဖြေဆိုကျင်းပခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ မဲ‌ဆန္ဒရှင်စာရင်များ တိကျပြည့်စုံမှန်ကန်မှုရှိစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာ ရရှိစေရေး၊ မဲ‌ဆန္ဒရှင်စာရင်များ တိကျပြည့်စုံမှန်ကန်မှုရှိစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မိတ္ထီလာမြို့၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံး ပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးနှိုးဆော်သည့် ဒို့အတူတူမဲပေးကြမယ်လက်ကမ်းစာစောင်များကို ယမန်နေ့ညနေ ၃ နာရီက အ.ထ.က (၁) လမ်းဆုံနှင့် မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ကိုယ်၀န်ဆောင်မိခင်များနှင့် အသက် (၂) လပြည့်မှ (၁) နှစ်ခွဲ‌အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မြို့ပေါ် (၅) ရပ်ကွက်မှ အသက် (၂) လပြည့်မှ (၁) နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းကို စက်တင်ဘာလ (၁) ရက်‌နေ့မှ စတင်ထိုးနှံလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်းလည်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး