မြစ်သားမြို့နယ်တွင် ခေတ်မီစပါးခြွေလှေ့စက်ကြီးဖြင့် စပါးများသန့်စင်ခြွေလှေ့ပေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးလက်နေ တောင်သူလယ်သမားများမှာ ဆောင်းစပါးများရိတ်သိမ်းရာတွင် ခေတ်မီစပါးရိတ်စက်များဖြင့် ရိတ်သိမ်းပြီး ကောက်လှိုင်းများ ခြွေလှေ့ရာတွင်လည်း ခေတ်မီစပါးခြွေလှေ့စက်များကို အသုံးပြုကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။