ပုသိမ်ကြီးမြို့နယ်ရှိ စားသောက်ဆိုင်၊ ဟိုတယ်/တည်းခိုခန်း လုပ်ငန်းများ၊ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရေး ကွင်းဆင်းဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊အတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းများနှင့် ဟိုတယ်/တည်းခိုခန်း လုပ်ငန်းများအား ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးခြင်းများကို ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးဇင်မျိုးအောင်၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်မော်မော်ခိုင် တို့ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ အောက်တိုဘာ ၂၉ ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။