မန္တလေးတိုင်းဒေသကြီး

ပြည်ကြီးတံခွန်မြို့နယ် မြို့ပေါ်ရပ်ကွက်များတွင် ပန်းခင်း(၃)စီမံချက်ဖြင့် အသက်(၁၈) နှစ်ပြည့်ပြီး ပြည်သူများအားနိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့်ပျောက်ဆုံး/ ပျက်စီး မိတ္တူထုတ်ပေးခြင်း အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ မျိုးသိန်းဓမ္မာရုံနှင့်(စ) ရပ်ကွက်ရှိ အတုလဂုဏ်ရည်ဓမ္မာရုံတို့တွင် အောက်တိုဘာ ၂၉ ရက်နေ့ ယနေ့ နံနက်၁၀နာရီ အချိန်ကမြို့နယ် လဝကဦးစီးမှူးဦးအောင်သွင် ဦးဆောင်သည့်အဖွဲ့မှ ပန်းခင်း(၃)စီမံချက်ဖြင့် အသက်(၁၈)နှစ် ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် ပျောက်ဆုံး/ပျက်စီး မိတ္တူထုတ်ပေးခြင်းအခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ညောင်ဦးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မိုးဝါစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်း‌ပြီးဝါခူးဆွတ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သမဝါယမကဏ္ဍမှ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် မြို့နယ်သမဝါယမ အသင်းစုပိုင်‌ငွေဖြင့်ဆောင်ရွက်သည့် မိုးဝါစိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စား ယက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိစေရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး တစ်ဦးချင်းဝင် ငွေတိုးပွား

မိတ္ထီလာမြို့နယ်၌ မိုးဝါများခူးဆွတ်မှု ကွင်းဆင်းအားပေးကြည့်ရှု

မိတ္ထီလာမြို့နယ် လှည်းပွဲကျေးရွာ ရွှေဝါမြေစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း မှအသင်း သား တောင်သူ ဦးချစ်မြိုင်၏ မိုးဝါ(၂)ဧက စိုက်ခင်းတွင် မိုးဝါဆွတ်ခူးနေမှုအား ယနေ့အောက်တိုဘာလ ၂၈ ရက်နေ့က မန္တလေးတိုင်းဒေကြီးသမဝါယမဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးလှိုင်မိုးနှင့်တာဝန်ရှိသူများ ကွင်းဆင်း အားပေးကြည့်ရှု  ခဲ့ကြောင်းသိရသည်။

မိတ္ထီလာမြို့၌ ၂ဝ၂၅ ခုနှစ်ကိုယ်ပိုင်ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၅ ခုနှစ် ကိုယ်ပိုင်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲ  အခမ်းအနားကို ယမန်နေ့က  ပေါက်ချောင်းရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌  ကျင်းပခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင်  အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဆု ယှဉ်ပြိုင်နိုင်ရန်အတွက်  လုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့တွင် အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဆုယှဉ်ပြိုင်နိုင်ရန်အတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။

ကျောက်ဆည်မြို့တွင်  အခွန်ပညာပေးဆွေးနွေးပွဲ ကျင်းပ

နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်များအပြည့်အဝကောက်ခံရရှိရေး၊ အခွန်ထမ်းပြည်သူများမှ အခွန်ကို လိုလားကြည်ဖြူစွာ ထမ်းဆောင်လာစေရေးအတွက် တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းလွယ်ကူစွာသိရှိနိုင်ရေး အခွန်ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ကျင်းပသည်။

မဟာ‌အောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ သွားရောက်၍ ကိုင်ဆောင်လက်မှတ်မရှိသူများနှင့် ကိုင်ဆောင်လက်မှတ် ပျောက်ဆုံး/ ပျက်စီးသူများအား ကွင်ဆင်းဆောင်ရွက်ပး

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ စိန်ပန်းရပ်ကွက်နှင့် သံလျှက်မှော်အ‌နောက်ရပ်ကွက်သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မဟာအောင်မြေမြို့နယ်ဦးစီးမှူးရုံး မှ ဝန်ထမ်းများအနေဖြင့် (၁၈) နှစ်အထက် ကိုင်ဆောင်လက်မှတ်မရှိသူ (၄) ဦးနှင့် (၁၈)နှစ်အထက် ကိုင်ဆောင်လက်မှတ် ပျောက်ဆုံး/ ပျက်စီးသူ (၂၈၅) ဦး စုစုပေါင်း(၂၈၉)ဦးအား မိတ္တူထုတ်ပေးခြင်းကို အောက်တိုဘာ (၂၈) ရက်နေ့က ကွင်းဆင်းဆောင်ရွေက်ပေးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းနှင့် မြန်မာ့ရိုးရာသိုင်းပညာရပ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းများအား စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ ဆင်းရဲနွမ်းပါးမှုလျော့ချစေရန်နှင့် ဟိုတယ်ဝန်ဆောင်မှုအရည်အသွေး ကောင်းမွန်စေရန် ရည်ရွယ်၍ ကဏ္ဍပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဟိုတယ်ဘာသာရပ်ဆိုင်ရာသင်တန်းများကို ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များ၏ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဒေသအသီးသီးတို့တွင် စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

မဟာအောင်မြေမြို့နယ်၌ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာအသိပညာ‌ပေး  

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး