မန္တလေးတိုင်းဒေသကြီး

တံတားဦးမြို့နယ်အတွင်း အခြေခံပညာကျောင်း ၁၂၁ ကျောင်းရှိ KG တန်း ကျောင်းသား၊ ကျောင်းသူများအား တတိယအကြိမ်ကျောင်းတွင်း နေ့လယ်စာအာဟာရကျွေးမွေး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း(၁၂၁) ကျောင်းတွင် ပညာသင်ယူနေသော KG တန်းမှ ကျောင်းသား၊ ကျောင်းသူ ၂၁၀၁ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျောင်းတွင်းနေ့လယ်စာ တတိယအကြိမ် အာဟာရကျွေးမွေးမှုကို ယနေ့နံနက်ပိုင်းက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့တွင် ဆောင်ရွက်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ကင်းကျေးရွာ၌ စိုက်ပျိုးထားသော စံပြချည်မျှင်ရှည်ဝါစိုက်ခင်း အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကင်းကျေးရွာ ကွင်းအမှတ်(၂)၊ ဦးပိုင်အမှတ်(၁၆၂) တောင်သူဦးသာအောင်၏ စံပြချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ရေဖိအားကြောင့် ကွေးညွှတ်သွားသည့် ရေသွင်းတံခါးများအား ပြန်လည်ပြုပြင်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများ၏ စိုက်ပျိုးသီးနှံများ ရေပြည့်ဝစွာပေးဝေနိုင်ရေး စိုက်ပျိုးရေပေးမြောင်းများနှင့်ဆက်စပ်သည့်လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရေဖိအားကြောင့် ကွေးညွှတ်သွားသည့် သင်းတွဲမြောင်းထိပ်မှ ရေသွင်းတံခါးများအား ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။  

မြစ်သားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲစာရင်းပြည့်စုံမှန်ကန်စေရန် ပေါင်းစပ်ညှိနိူင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များအရ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းပြည့်စုံမှန်ကန်စေရန် ပေါင်းစပ်ညှိနိူင်းအစည်းအ‌ဝေးကို ယမန်နေ့နေ့မွန်းလွဲ(၁)နာရီ  အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ် အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးအံ့ခန်းမဆောင်တွင် ကျောင်းသားလူငယ်များ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ပြင်ဦးလွင်မြို့နယ်အတွင်း ကျေးလက်လမ်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ်( ၄၇၂ ဒသမ ၂၅) သန်းဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ပြင်ဦးလွင်မြို့ရှောင်လမ်းမှ နောင်လှိုင်ကျေးရွာ ဆက်သွယ်သောလမ်း အရှည် ၁/၀ မိုင်၊ အကျယ် ၁၂ ပေ၊ ဒု ၂၄ လက်မ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ယမန်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်မင်းမင်းမြင့်မှ ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။  

ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် သီးနှံမျိုးစုံ(၁၆၅၀၄)ဧ စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း (၆)ခုရှိပြီး သီးနှံမျိုးစုံစိုက်ပျိုးရာ၌ ဆည်ရေကိုအဓိကထား စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စုများတွင် (၂၀၂၅-၂၀၂၆) ခုနှစ် မိုးရာသီ၌ သီးနှံမျိုးစုံ(၁၆၅၀၄)ဧက စိုက်ပျိုးကြောင်း သိရသည်။

အမရပူရမြို့ အိုးတော်မူလတန်းလွန်ကျောင်း၌လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင် ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ အိုးတော်ရပ်ရှိအိုးတော် အခြေခံပညာမူလတန်း လွန်ကျောင်းတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကိုပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင်  ခရမ်းသီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး (၃) ရက်ခြား တစ်ကြိမ် ခူးဆွတ်ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်‌ပြေလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၇) အုပ်စု၊ ကျေးရွာ (၂၂၃)ရွာရှိပြီး စပါး၊ မြေပဲ၊ နေကြာ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ချည်မျှင်ရှည်ဝါ၊ နှံစားပြောင်း၊ ဖူးစားပြောင်း၊ နနွင်း၊ ငရုတ်၊ ကျွဲနွားစာနှင့် စားဖိုဆောင်သီးနှံများ အမျိုးမျိုးစိုက်ပျိုး လျက်ရှိရာ ရန်ပုံနှစ်ကျေးရွာ၌ နေ့စဉ်ဝင်ငွေရသည့် မျှားနီတံဆိပ် ကာမစ်အမျိုးအစား  အတို့အမြုပ်ပြုလုပ်၍စားရသည့် ခရမ်းကြွပ်အဝိုင်းသီး အစိမ်းရောင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး (၃)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရောင်းချရသဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့ အားသစ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် အားသစ်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် လူသားတစ်ဦး၏ ရပိုင်ခွင့်များ အပြည့်အဝရရှိစေရန်၊ နိုင်ငံသားအခွင့်အရေးစံချိန်များ ခံစားခွင်ရရှိစေရန်၊ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ စားသုံးသူနစ်နာမှုများ အကာအကွယ်ပေးရန်၊ စားသုံးသူမကျေနပ်မှုများ ဖြေရှင်းပေးရန်၊ စားသုံးသူအသိပညာပေးခြင်များ ဆောင်ရွက်ပေးရန်တို့ရည်ရွယ်ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အားသစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး