မန္တလေးတိုင်းဒေသကြီး

ပြည်ကြီးတံခွန်မြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် Biometric (UID) ကတ် ပြုလုပ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၇၈) ရန်-မန်းလမ်း‌ပေါ်ရှိ ရွာလယ်အခြေခံဘာသာရေးအဆောက်အဦးတွင် စက်တင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်လဝကဦးစီးမှူး ဦးအောင်သွင် ဦးဆောင်သည့်အဖွဲ့မှ ပန်းခင်းစီမံချက် (၃) ဖြင့် Biometric (UID)ကတ် ပြည်သူများအား ပြုလုပ်ပေးခဲ့သည်။

ကျောက်ဆည်မြို့နယ် ရွာပုလဲကျေးရွာ၌ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရွာပုလဲကျေးရွာ၌ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဆောင်ရွက်မှု ကွင်းဆင်းစိစစ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးလှခိုင်၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့်တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်း ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေ (၁၂၃.၀၉) ကျပ်သန်းဖြင့် winner Myanmar Company မှ တာဝန်ယူဆောင်ရွက်သည့် ဖျောက်ဆိပ်ပင်ကျေးရွာအဝင်လမ်း (0.402km x 3.66m x 175mm) ကွန်ကရစ်ခြင်းခြင်းနှင့် မန္တလေးတိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ (၈၇.၂၃) ကျပ်သန်းဖြင့် ဌာနမှဆောင်ရွက်ရှိသည့် သပြေသာ-ပင်တလည်-ပတ္တာလမ်း (2.851km x 4.88m x 200mm) ကျောက်ရောမြေခင်းခြင်းလုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီ ကောင်းမွန်အောင် ဆောင်ရွက်ရန်မှာကြားခဲ့ပြီး အဆိုပါလမ်းများ ဆောင်ရွက်ပြီးပါက ကျေးရွာ (၉) ရွာ၊ လူဦးရေ (၁၆၇၆၃) ဦး အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်မော်ခရိုင်မှ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်မှ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ချမ်း‌အေးသာစံမြို့နယ်၊ ဆူးဖြူ‌ကျောင်းတိုက်၊ ဉာဏဝေပုလ္လဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊‌ အောင်မြေသာစံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့်တာဝန်ရှိသူများ၊ ဗန်းမော်ခရိုင်မှ နေရပ်စွန့်ခွာဝန်ထမ်းများနှင့် နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် မန်ကျည်းပျိုးပင် (၂၂၅၀) ပင် စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက် တတိယအကြိမ်မြောက် မိုးရာသီ မန်ကျည်းပင်စုပေါင်းစိုက်ပျိုးပွဲကို စက်တင်ဘာ ၂၄ ရက် နံနက် ၇ နာရီတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်

ရမည်းသင်းမြို့နယ် ကင်မွန်းခြုံ-ထီးလှိုင်လမ်းမှ ဇီးဖြူကုန်းရွာသွားလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးလှခိုင်၊ ရမည်းသင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်လင်းနှင့်အဖွဲ့သည် စက်တင်ဘာ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စွမ်းရည်မြှင့်ပြိုင်ပွဲများ ကျင်းပ

ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အတွေးအခေါ်များမြင့်မားစေရေးတို့အတွက် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၅) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ ပူးပေါင်းကျင်းပကာ စွမ်းရည်မြှင့်ပြိုင်ပွဲများကို စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Center) အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းက သာစည်မြို့နယ် ငလျင်ဘေးသင့်အိမ်ထောင်စု ၂၈၆ စုတို့အား ပံ့ပိုးငွေပေးအပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းက မန္တလေးငလျင်ကြီးဘေး တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးပံ့ပိုးမှုအစီအစဉ်ဖြင့် ငလျင်ဘေးသင့်အိမ်ထောင်စု ၂၈၆ စုတို့အား ပံ့ပိုးငွေ ပေးအပ်ခြင်းကို စက်တင်ဘာ ၂၃ ရက်က အမှတ်(၇)ရပ်ကွက် နဘဲရွှေထီးဘုရားဝင်း၌ ကျင်းပရာ ရပ်ကွက်ကျေးရွာအုပ်စု ခြောက်အုပ်စုမှ ငလျင်ဘေးသင့်အိမ်ထောင်စု ၂၈၆ စုတို့အား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၄၀၀၀၀၀  ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ မနုဟာဘုရားကြီး အာရုံခံတိုက်မပေါ်ရှိ စေတီတော် (၃၇) ဆူအား ရွှေသင်္ကန်းတော်ကပ်လှူနိုင်ရေး မျက်ပါးရွှေဆိုင်းလေလံတင်ဒါ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ အေဒီ (၁၁) ရာစု၊ မနုဟာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် မနုဟာဘုရားကြီး၏ အာရုံခံတိုက်မပေါ်ရှိ စေတီတော် (၃၇) ဆူအား ရွှေသင်္ကန်းတော်များ ပြန်လည်ကပ်လှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဘုရားကြီးဂေါပကအဖွဲ့ရုံးတွင် စက်တင်ဘာ ၂၂ ရက်နေ့ နံနက် ၉ နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

ကျောက်ဆည်ခရိုင်တွင် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များ တိုက်ဆိုင်စီစစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည့် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များ တိုက်ဆိုင်စီစစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ (၁) နာရီက ကျောက်ဆည်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး