မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ်၌ ခေတ်မီစံပြကျေးရွာထူထောင်ရေး အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ခေတ်မီစံပြကျေးရွာထူထောင်ရေး (Smart Village) အကောင်အထည်ပူးပေါင်းပါဝင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၃ ရက်နေ့ နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယာယီ) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲ၊ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန် ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတ လေ့လာဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို (၅၄) လမ်းရှိ အမှတ် (၁၉) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် စက်တင်ဘာ ၂၃ ရက်နေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိတ္ထီလာမြို့ အမှတ် (၃၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အမှတ် (၃၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ပေါက်ချောင်းရပ်ကွက်ရှိ ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံးကြီး သွေးလှူဘဏ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် စက်တင်ဘာလအတွက် ပင်စင်လစာငွေများကို စက်တင်ဘာ ၂၃ ရက်နေ့နံနက်ပိုင်းက စတင်၍ ထုတ်ပေးလျက်ရှိရာ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။

ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကလေးငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လက်တွေ့ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် မီးသတ်ဦးစီးဋ္ဌာနက ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေးအစီအစဉ်ကို ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ)၌ စက်တင်ဘာ ၂၃ ရက်၊ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်း အသိပညာပေး နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် နည်းပညာများ တိုးတက်လာသောခေတ်နှင့်အညီ အီလက်ထရောနစ်မဲပေးစက်များ အသုံးခြင်းအားဖြင့် လွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ ဂုဏ်သိက္ခာရှိသောရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရည်ရွယ်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြသခြင်းကို စက်တင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက ပြသပေးခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် ဌာနဆိုင်ရာများသို့ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်း

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ဌာနဆိုင်ရာများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ စာကြည့်တိုက် Mobile library ကားဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို စက်တင်ဘာ ၂၃ ရက်နေ့နံနက် (၁၁) နာရီက ပြည်ကြီးတံခွန်မြို့နယ်၊ တိုင်းဒေသကြီးစီမံကိန်းရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာရှစ်ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ငါန်းဇွန်မြို့၌ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၃ ရက်နေ့နံနက် ၉ နာရီက မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်  အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းတွင်   စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၃ ရက်နေ့‌နံနက် (၉) နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာထွန်းက အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး