မန္တလေးတိုင်းဒေသကြီး

ချမ်းမြသာစည်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၂၃ ရက်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

မဟာအောင်မြေမြို့နယ် အားမာန်ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အားကစားနှင့်လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အားမာန်ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ ဖတ်ရှိန်မြှင့်တင်ရေးနှင့်အားကစားနှင့်လူငယ်ရေးရာဟောပြောပွဲကို စက်တင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အောင်မြေသာစံမြို့နယ် မြို့ပါတ်လမ်းပေါ်ရှိ နှင်းဆီအိမ်ရာတွင် မူခင်းကျဆင်းရေးအသိပညာပေး ဟောပြော

အောင်မြေသာစံမြို့နယ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ် (၅) မြို့မရဲစခန်းက ကြီးမှူး၍ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲအခမ်းအနားကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ၁၄×၁၆လမ်းကြား၊ အကွက် (၈၃) ၊ နှင်းဆီအငှားအိမ်ယာတိုက်ရှိ နှင်းဆီသုခစေတနာ လူမှုကူညီရေးအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အောင်မြေသာစံမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေး အသင်းတို့ ပူးပေါင်း၍  မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို စက်တင်ဘာ ၂၂ရက် နံနက် ၁၀နာရီက မန္တလေး အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ လင်းလက်တော်ဝင်ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ညောင်ဦး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၂၂ ရက် ညနေ ၃ နာရီခွဲက ခရိုင်ပြည်သူ့အားကစားကွင်းတွင်ကျင်းပရာ ပြိုင်ပွဲကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်   မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်  အဖွဲ့ဝင်များ၊က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ပြင်ဦးလွင်မြို့တွင် တန်ဖိုးမြှင့် စားသောက်ကုန် မုန့်အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့် 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန မှ တန်ဖိုးမြှင့် စားသောက်ကုန် (မုန့်)အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၂ ရက်  နံနက်ပိုင်းက   ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

ပြင်ဦးလွင်မြို့နယ် အ‌မှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

လူငယ်ကဏ္ဍကို မြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံ‌သော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍  မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၂ ရက်နေ့‌မွန်းလွဲ (၁) နာရီက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

မြစ်သားမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် စက်တင်ဘာလအတွက် ပင်စင်လစာငွေများကို စက်တင်ဘာ ၂၂ ရက်နေ့နံနက်ပိုင်းက စတင်၍ ထုတ်ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာ လာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။

ကျောက်ဆည်ခရိုင်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်များရှင်သန်ဖွဲ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ၂၂ ရက်နေ့ နံနက် (၁၀) နာရီခွဲက  အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မုန့်ပေါင်းကျေးရွာ “အလင်းသစ်” စာကြည့်တိုက်၌ အသိပညာပေးဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော် ကျောက်ဆည်ခရိုင် MEVM ဆိုင်ရာ ကြီးကြပ်အဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့်တွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်သည် စက်တင်ဘာ ၂၁ ရက်နေ့ မွန်းလွဲ (၂) နာရီက ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်၊ ခရိုင်လမ်းဦးစီးရိပ်သာ၌ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကျောက်ဆည်၊စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်မှ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး