ကျောက်ဆည်မြို့နယ် မဥ္ဇူခြံကျေးရွာပြည်သူများအား စားအုန်းဆီ (၃၃၀) ပိဿာ ရောင်းချပေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ပြည်သူများ စားဝတ်နေရေး အထောက်အကူဖြုစ်စေရန်အတွက် စားအုန်ဆီများကို ရပ်ကွက်၊ ကျေးရွာများဦးစီးဌာနများနှင့် စက်ရုံအလုပ်ရုံများတွင် စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ စက်တင်ဘာ ၂၁ ရက်နေ့က မဥ္ဇူခြံကျေးရွာပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီ (၃၃၀) ပိဿာ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။