ပြင်ဦးလွင်မြို့နယ် ကျွဲနွားထောက်ကျေးရွာ “ပညာရောင်ခြည်” စာကြည့်တိုက် အဆောက်အအုံအသစ် ဖွင့်ပွဲကျင်းပ
ကျေးလက်နေပြည်သူများ စာဖတ်ကြစေရန်၊ စာပေဗဟုသုတနှင့်ပြည့်စုံလာစေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်လာစေရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ကျွဲနွားထောက်ကျေးရွာတွင် ပညာရောင်ခြည် စာကြည့်တိုက်အဆောက်အအုံအသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။