မန္တလေးတိုင်းဒေသကြီး

ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က (၂၇)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနေ့(အကြို) လူငယ်စာဖတ်ဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာ အ.ထ.က(၂၇)ကျောင်းတွင် စက်တင်ဘာ ၁၉ မွန်းလွဲ ၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေးနေ့ (အကြို) လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းအောင်ကျော် မိတ္ထီလာခရိုင် MEVM ဆိုင်ရာကြီးကြပ်မှုအဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံ

ပြည်ထောင်စုကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းအောင်ကျော် မိတ္ထီလာခရိုင် MEVM ဆိုင်ရာကြီးကြပ်မှုအဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းပြီး စာရေးသူခင်စောတင့်၏ “ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့ ဗမက(အမက​)ကျောင်း၌အသိပညာပေးဟောပြောပွဲ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်း​မြို့နယ် ဗမက(အမက​) ကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲများကို ယမန်နေ့​မွန်းလွဲပိုင်းက ပြုလုပ်သည်။

(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာစည်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကျောင်းသားအားကစားပွဲတော် ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မကထိကဗဟုဇနဟိတဓရ သီရိပျံချီဘဒ္ဒန္တကဝိဓဇအား ဇွဲကပင်တောင်ခြေ၊ လုမ္ဗိနီဥယျာဉ်ကျောင်း၌ သွားရောက်ဖူးမြော်ကြည်ညိုသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာအဆင့် အသက်(၁၈)နှစ် အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ကျောင်းသားအားကစားပွဲတော်ကို စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ဘားအံမြို့ပေါ်ရှိ အားကစားကွင်း၊ အားကစားရုံများတွင် ကျင်းပနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ပုသိမ်ကြီးမြို့နယ် နန္ဒာမြောက်ကျေးရွာရှိ အလင်းရောင်စာကြည့်တိုက် ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် နန္ဒာမြောက်ကျေးရွာရှိ “အလင်းရောင်” စာကြည့်တိုက်သစ် အမြန်ဖွင့်လှစ်နိုင်ရေး တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးနှင့်အဖွဲ့ဝင်များ  စက်တင်ဘာ ၁၉ ရက် နံနက် ၉နာရီက ကွင်းဆင်းကြည့်ရှုသည်။

ငါန်းဇွန်မြို့နယ်၌ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ  ရောစပ် ကြဲပက်ခြင်း တောင်သူပညာပေးသရုပ်ပြ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၏ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး အတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁ အချိုး ၃)ရောစပ် ကြဲပက်ခြင်း တောင်သူ ပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈နာရီက ရွာသစ်ကျေးရွာအုပ်စုရှိ တောင်သူ ဦးကြည်တင်၏ မိုးစပါး ပန်းတိုင်ရရှိရေးစံပြကွက်စိုက်ခင်း (၅)ဧကတွင် ဆောင်ရွက်သည်။

 ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်

ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ချိန်အတွင်း မှန်ကန်မြန်ဆန်စွာနှင့် ထိရောက်စွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ရုံးစာရေးသားနည်းသင်တန်း  ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

မဟာအောင်မြေမြို့နယ် အ.လ.ကခွဲ (၁)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်‌ရေးရာ အသိပညာပေး 

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်‌ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၉ရက် နံနက်ပိုင်းက ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး